လာလီဂါပြိုင်ပွဲ၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးတရုတ်ကစားသမားအဖြစ် ဝူလိုင် မှတ်တမ်းဝင်ပြီး အက်စ်ပန်ညို-ဗယ်လာဒိုလစ်ပွဲအား အွန်လိုင်းမှကြည့်ရှုသူ ၂၅ သန်းရှိ

လာလီဂါပြိုင်ပွဲ၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးတရုတ်ကစားသမားအဖြစ် ဝူလိုင် မှတ်တမ်းဝင်ပြီး အက်စ်ပန်ညို-ဗယ်လာဒိုလစ်ပွဲအား အွန်လိုင်းမှကြည့်ရှုသူ ၂၅ သန်းရှိ
Photos : espanyol fc
Photos : espanyol fc
Published 4 March 2019

အက်စ်ပန်ညိုအသင်း၏ တရုတ်လက်ရွေးစင်တောင်ပံကစားသမား ဝူလိုင်သည် လာလီဂါပြိုင်ပွဲ၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးတရုတ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဝူလိုင်သည် မတ် ၂ ရက်က အက်စ်ပန် ညို (၃-၁) ဗယ်လာဒိုလစ်ပွဲ၌ ပွဲထွက်ပါဝင် ခွင့်ရခဲ့ပြီး ၆၅ မိနစ်တွင် ဆာဂျီဒါဒါ၏ပေးပို့မှုမှတစ်ဆင့် ဂိုးသမားနှင့် တစ်ဦးချင်းရင်ဆိုင်တွေ့စဉ် ညာခြေဖြင့် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ဝူလိုင်သည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းမှ အက်စ်ပန်ညိုသို့ ယူရိုနှစ်သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ငါးပွဲမြောက်ကစား ခွင့်ရသည့်ပွဲ၌ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ  ဝူလိုင်သည် လာလီဂါပြိုင်ပွဲသမိုင်း တစ်လျှောက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးတရုတ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က ဗယ်လက်ကာနိုအသင်း၌ တရုတ်ကစားသမား ကျန်ချန်တောင် လာရောက်ကစားဖူးသော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် ဝူလိုင်သည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲငါးခု၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

''ဒီမှာ ပရိသတ်တွေက ကျွန်တော့်ကို ကြိုဆိုကြလို့ အရမ်းဝမ်းသာပါတယ်။ အသင်း အတွက် ဂိုးတွေဆက်သွင်းပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်''ဟု ၎င်းက ပြောကြားသည်။

ဝူလိုင်ပြောင်းရွှေ့လာပြီးနောက် အက်စ်ပန်ညိုအသင်း၏ပွဲစဉ်များအား အွန်လိုင်းမှ ကြည့်ရှုမှုနှုန်းမှာလည်း အံ့အားသင့်ဖွယ်မြင့် တက်လာပြီး ဗယ်လာဒိုလစ်နှင့်ပွဲအား တရုတ်နိုင်ငံမှ ကြည့်ရှုသူ ၂၅ သန်းအထိရှိကြောင်း သိရသည်။

၎င်းပထမဆုံးပါဝင်သည့် ဗီလာရီးယဲလ်နှင့်ပွဲအား ကြည့်ရှုသူ ၁၀ သန်းရှိပြီး ပွဲထွက်စာရင်း၌ စတင်ပါဝင်ခွင့်ရသည့် ဗလင်စီယာနှင့်ပွဲအား ကြည့်ရှုသူ ၁၉ ဒသမ ၇ သန်း ရှိကာ ဗယ်လာဒိုလစ်နှင့်ပွဲ၌ ၂၅ သန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင် ၎င်းအား ခေါ်ယူပြီးနောက် ဂျာစီအကျႌ ၁၀ç၀၀၀ ရောင်းချခဲ့ရကြောင်း သိရသည်။

 ဝူလိုင်(၂၇ နှစ်)သည် ၂၀၁၈ ရာသီ တရုတ်စူပါလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။