ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 22 February 2019

ယနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲ၊ လာလီဂါပွဲစဉ် (၁) ပွဲ၊ စီးရီးအေပွဲစဉ် (၁) ပွဲ၊ ဘွန်ဒစ်လီဂါပွဲစဉ် (၁) ပွဲနှင့် လီဂူးပွဲစဉ် (၂) ပွဲတို့ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ကာဒစ်ဖ် နှင့် ဝက်ဖို့ဒ် (စနေနံနက် ၂:၁၅ နာရီ)

ကာဒစ်ဖ်က ပရီးမီးယားလိဂ် (၃)ပွဲဆက်နိုင်ပွဲရဖို့အတွက် ကြိုးစားမှာဖြစ်ပြီး ဝက်ဖို့ဒ်ကလည်း ပရီးမီးယားလိဂ်မှာ ခြေစွမ်းတည်ငြိမ်ပြီး အနိုင်ကစားရခက်တဲ့အသင်းဖြစ်တယ်။ အိမ်ကွင်း၊ အဝေးကွင်း မရွေးတဲ့အသင်းမျိုးဖြစ်ပြီး ကျစ်လျစ်တဲ့ တည်ဆောက်ပုံမျိုးရှိတယ်။ ကာဒစ်ဖ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ဝက်ဖို့ဒ် မရှုံးအောင် ထိန်းကစားနိုင်ပါတယ်။ (၁-၁) လောက်နဲ့ ပြီးသွားနိုင်တယ်။ 

ဝက်စ်ဟမ်း နှင့် ဖူလ်ဟမ် (စနေနံနက် ၂:၁၅ နာရီ)

လီဗာပူးလ်နဲ့ ပဲလေ့စ်တို့ကို နှစ်ပွဲဆက် သရေကစားခဲ့ပြီးတဲ့နောက် လန်ဒန်မြို့ခံနှစ်သင်းကစားကြမယ့်ပွဲမှာ ဝက်စ်ဟမ်းနိုင်ပွဲပြန်ရသင့်ပါပြီ။ ဖူလ်ဟမ်က ဘရိုက်တန်ကို ဂိုး ပြတ်နိုင်ပြီး ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်သွားတယ်။ ခြေမြူးတဲ့ပွဲလောက်ပဲ အမှတ်မျှော်ရမလိုဖြစ်နေပြီး ခံစစ်ကလည်း တော်တော်လေးဆိုးရွားနေတယ်။ ဝက်စ်ဟမ်းနိုင်မှာပါ။ ဒါပေမဲ့ ဝက်စ်ဟမ်းခံစစ်ကလည်း စိတ်မချရလို့ (၂-၁) လောက်ပဲဖြစ်မယ်။ 

အက်စ်ပန်ညို နှင့် ဟူဆကာ (စနေနံနက် ၂:၃၀ နာရီ)

ဇယားအောက်ဆုံးက လွတ်ဖို့ရုန်းနေတဲ့ ဟူဆကာရဲ့ခြေစွမ်းကလည်း စိတ်မချရသေးသလိုဖြစ်နေတယ်။ အက်စ်ပန်ညိုကလည်း ဒဏ်ရာပြဿနာတွေရှိနေပြီး ရုန်းနေရပေမယ့် အိမ်ကွင်းမှာတော့ ကစားအားကောင်းတဲ့အသင်းပါ။ တန်းဆင်းဇုန် အန္တရာယ်ရှိနေသေးလို့လည်း အက်စ်ပန်ညိုတို့ အခုအိမ်ကွင်းပွဲကို အမှားခံမယ်မထင်ဘူး။ အိမ်ရှင်ပဲကြိုက်နေမိတယ်။

အေစီမီလန် နှင့် အမ်ပိုလီ (စနေနံနက် ၂:၀၀ နာရီ)

နည်းပြ ဂတ်တူဆိုဦးဆောင်တဲ့ အေစီမီလန် ရိုလာကိုစတာ  အမြင့်ရောက်နေချိန်ပါပဲ။ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အေစီမီလန်အရိပ်အောက်ခိုလှုံခဲ့သူ ပီယွန်တက်ခ်က သွင်းဂိုးသူရဲကောင်းဖြစ်နေပြီး စီးရီးအေတတိယပေးဂိုးအများဆုံး အမ်ပိုလီဘက်ကို ဂိုးသွင်းနိုင်ဦးမယ်ထင်တယ်။ အစဉ်အလာအရ အမ်ပိုလီဟာ အေစီမီလန်ကို ဒုက္ခပေးတတ်တာကလွဲလို့ အေစီမီလန် နိုင်ပွဲရမယ်ဆိုတာအတွက် သံသယဝင်စရာမလိုပါဘူး။ 

၀ါဒါဘရီမင် နှင့် စတုဂတ် (စနေနံနက် ၂:၀၀ နာရီ)

စတုဂတ်ကတော့ မျှော်လင့်ရင်းနဲ့ပဲ အခြေအနေဆိုးရွားလာတယ်။ ဒါပေမဲ့ ဝါဒါဘရီမင် အမှတ်မလိုလို့ စတုဂတ်ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။ 

ဒီယွန်း နှင့် စိန့်အက်တီနီ (စနေနံနက် ၀၀:၃၀ နာရီ)

ဒီယွန်းက ဂိုးမိုးခေါင်မှုတွေနဲ့အတူ တန်းဆင်းဇုန်ထဲအထိ ထိုးဆင်းသွားတယ်။ စိန့်အက်တီယန် အမှားမခံတဲ့အချိန်ရောက်နေပြီမို့ ဒီလိုပွဲမျိုးမှာတော့ (၃)မှတ်အပြည့်ယူပါလိမ့်မယ်။ 

စထရာဘိုး နှင့် လိုင်လီ (စနေနံနက် ၂:၁၅ နာရီ)

စထရာဘိုး (၃)ပွဲဆက် အမှတ်လျော့ခဲ့တာကြောင့် ဥရောပအိပ်မက်ကို ထိခိုက်မှုတွေရှိလာတယ်။ လိုင်လီက နောက်ဆုံး ပွဲမှာ အမှတ်လျော့ခဲ့ပေမယ့် ခြေစွမ်းတည်ငြိမ်တဲ့အသင်းပါ။ ဒါပေမဲ့ အိမ်ကွင်းမှာ ခြေစွမ်းပြတတ်တဲ့ စထရာဘိုးကြောင့် လိုင်လီ မလွယ်ပါဘူး။ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျနိုင်တယ်။

Most Read

Most Recent