ယခုရာသီတွင် ဆုဖလားတစ်ခုခုရယူလိုသည်ဟု ပေါ့ဘာ ပြောကြား

ယခုရာသီတွင် ဆုဖလားတစ်ခုခုရယူလိုသည်ဟု ပေါ့ဘာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 20 February 2019

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာက ယခုရာသီတွင် ဆုဖလားတစ်ခုခုရယူလိုသည်ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် PSG အသင်းကို (၀-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ကစားခဲ့သည့် FA ဖလားပဥ္စမအဆင့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

PSG အသင်းနှင့်ပွဲစဉ်မှ အရှုံးရလဒ်ကို ချယ်လ်ဆီးနှင့်ပွဲတွင်ချေဖျက်နိုင်ခဲ့သည့်အတွက် ပေါ့ဘာက ကျေနပ်နေပြီး ယခုရာသီတွင် ဆုဖလားတစ်ခုခုရယူလိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါ့ဘာက ''အရှိန်ကောင်းနေတုန်းမှာ PSG အသင်းကို ရှုံးနိမ့်ခဲ့ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် နောက်ပွဲစဉ်တွေမှာ ရှုံးပွဲမကြုံရအောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အတွက် ပြိုင်ပွဲတိုင်းက အရေးကြီးပါတယ်။ ဒီရာသီမှာ ဆုဖလားတစ်ခုခု ကျွန်တော်တို့ရယူချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ဟာဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရတာကြောင့် ဒီနှစ်မှာတော့ ဆုဖလားတစ်ခုခုရယူချင်ပါတယ်" ဟုပြောကြားခဲ့သည်။

ပေါ့ဘာသည် ယာယီနည်းပြ ဆိုးလ်ရှားလက်အောက်တွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ယခုရာသီအသင်းအတွက် ပြိုင်ပွဲစုံတွင် (၁၄) ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည်။

Most Read

Most Recent