ကွာတားဖိုင်နယ်တက်လှမ်းဖို့ ခြေတစ်လှမ်းနီးသွားတဲ့ စပါးနဲ့ ရီးယဲလ်

ကွာတားဖိုင်နယ်တက်လှမ်းဖို့ ခြေတစ်လှမ်းနီးသွားတဲ့ စပါးနဲ့ ရီးယဲလ်
Photos : AFP
Photos : AFP
Published 14 February 2019

ဖေဖော်ဝါရီ(၁၃)ရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်(ပထမအကျော့)ပွဲတွေမှာ စပါးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ နိုင်ပွဲရပြီး ကွာတားဖိုင်နယ်တက်ရောက်ဖို့ နီးစပ်သွားခဲ့ပါတယ်။

စပါးအသင်းက ဒေါ့မွန်အသင်းကို အိမ်ကွင်းမှာ (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ရီးယဲလ်ကတော့ အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ ရာခိုင်နှုန်းများသွားခဲ့တာဖြစ်တယ်။

စပါး-ဒေါ့မွန်ပွဲမှာ ဒေါ့မွန်အသင်း ပထမပိုင်းကစားပုံ ပိုကောင်းခဲ့ပေမယ့် စပါးဂိုးသမား လိုရစ် အမှားအယွင်းမရှိကာကွယ်နိုင်ခဲ့ပါတယ်။

စပါးအသင်းအတွက်ဂိုးတွေကို ဆွန်ဟောင်မင်က (၄၇)မိနစ်၊ ဗာတွန်ဂန်က (၈၃)မိနစ်နဲ့ လော်ရန်တေးက (၈၆)မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ နောက်ဆုံးကစားတဲ့(၄)ပွဲမှာ အသင်းအတွက် (၄)ဂိုးအထိ သွင်းယူထားပြီး ဒီရာသီသွင်းဂိုးပေါင်းက (၁၆)ဂိုးအထိရှိလာပါတယ်။

စပါးအနေနဲ့ အခုရလဒ်ကြောင့် ၂၀၁၁ နောက်ပိုင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိခဲ့ပါတယ်။

ရီးယဲလ်ကတော့ အေဂျက်စ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့် အသည်းအသန်ကစားခဲ့ရပါတယ်။

အေဂျက်စ်အသင်းက ဂိုးသွင်းခွင့်များစွာရခဲ့ပြီး အဆုံးသတ်အားနည်းခဲ့လို့ ရီးယဲလ်အသင်း ကံကောင်းခဲ့ရတာပါ။

ဘန်ဇီမာက (၆၀)မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် အေဂျက်စ်ကစားသမား ဇီယာ့ရှ်က (၇၅)မိနစ်မှာ ပြန်လည်ချေပခဲ့ပြီး လူစားဝင်လာတဲ့ အဆန်စီယိုက (၈၇)မိနစ်မှာ အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။

ချန်ပီယံလိဂ်ရလဒ်များ

စပါး     ၃-၀ ဒေါ့မွန်

အေဂျက်စ် ၁-၂ ရီးယဲလ်မက်ဒရစ်

လိဂ်ချန်ပီယံရှစ် ပွဲစဉ်(၃၂)ရလဒ်များ

အစ်ဝစ်ချ်        ၁-၁    ဒါဘီ

ပရက်စတန်    ၃-၁    နောဝစ်ချ်

ဘရန့်ဖို့ဒ်        ၁-၀    အက်စတွန်ဗီလာ

လိဒ်စ်        ၂-၁    ဆွမ်ဆီး

ရှက်ဖီးယူနိုက်တက်    ၁-၀    မစ်ဒယ်ဘရော့

ဝီဂန်        ၀-၀    စတုတ်စီးတီး

ရက်ဒင်း        ၂-၁    ဘလက်ဘန်း

လီဂူး ပွဲစဉ်(၂၃) ပွဲကျန်ရလဒ်များ

စိန့်အက်တီယန်    ၂-၁    စထရာဘိုး

    ကိန်း    ၀-၁    နန့်စ်

Most Read

Most Recent