အက်ရှ်လေယန်းအားစာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဆိုးလ်ရှား ပြောကြား

အက်ရှ်လေယန်းအားစာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဆိုးလ်ရှား ပြောကြား
Photo: Man Utd Twitter
Photo: Man Utd Twitter
Published 12 February 2019

မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားက အသင်း၏ ၀ါရင့်နောက်ခံလူ အက်ရှ်လေယန်းအား စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အသက် (၃၃) နှစ်အရွယ်ရှိ အင်္ဂလန်ဝါရင့်ကစားသမား အက်ရှ်လေယန်းကို ၂၀၂၀ ခုနှစ် ဇွန်လအထိ တစ်နှစ်သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

အက်ရှ်လေယန်းသည် ၂၀၁၁ ခုနှစ်တွင် အက်စတွန်ဗီလာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၈) ရာသီအတွင်းပြိုင်ပွဲစုံ (၂၂၇) ပွဲတွင် (၁၇) ဂိုးသွင်းယူထားနိုင်ခဲ့သည်။

အက်ရှ်လေယန်းသည် မူလက တောင်ပံကစားသမားတစ်ဦးဖြစ်သော်လည်း နောက်ပိုင်းတွင် အသင်း၏လိုအပ်ချက်အရ မန်ယူနည်းပြများလက်အောက်တွင် နောက်ခံအစွန်လူအဖြစ် ကစားနေသူဖြစ်သည်။

ဆိုးလ်ရှားက မန်ယူအသင်းမှာ လူငယ်ကစားသမားများ များသည့်အတွက် အက်ရှ်လေယန်းကဲ့သို့ အသင်းကိုဦးဆောင်မည့် ၀ါရင့်ကစားသမားများလည်း လိုအပ်ကြောင်းပြောကြားခဲ့သည်။

ဆိုးလ်ရှားက '' ကျွန်တော်မန်ယူအသင်းကို စတင်ကိုင်တွယ်ကတည်းက အက်ရှ်လေယန်းဟာ အရမ်းကိုခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အတွေ့အကြုံတွေဟာ ကျွန်တော်တို့အသင်းအတွက် အသက်တမျှအရေးပါပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းက လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီး အက်ရှ်လေယန်းလို အသင်းကိုဦးဆောင်မယ့်ကစားသမားမျိုးတွေ လိုအပ်ပါတယ်။ အက်ရှ်လေယန်းကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent