ပွဲအပြီး လက်ဆွဲမနှုတ်ဆက်ခြင်းကိစ္စကို ဆာရီနှင့် ဂွါဒီယိုလာ ပြန်လည်ရှင်းလင်း

ပွဲအပြီး လက်ဆွဲမနှုတ်ဆက်ခြင်းကိစ္စကို ဆာရီနှင့် ဂွါဒီယိုလာ ပြန်လည်ရှင်းလင်း
Photos : Instagram, AFP
Photos : Instagram, AFP
Published 11 February 2019

မန်စီးတီး(၆-၀)ချယ်လ်ဆီးပွဲအပြီး ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် ပြိုင်ဘက် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို လက်ဆွဲနှုတ်ဆက်ခြင်းမရှိဘဲ အဝတ်အစားလဲခန်းသို့ ထွက်ခွာသွားမှုအတွက် နည်းပြ(၂)ဦးစလုံးမှ ပြန်လည်ရှင်းလင်းခဲ့သည်။

ဂွါဒီယိုလာက '' သူ ကျွန်တော့်ကို မမြင်ပါဘူး။ ကျွန်တော် လက်ထောက်နည်းပြ ဇိုလာနဲ့ပဲ စကားပြောခဲ့ပါတယ်။ သူနဲ့ ကျွန်တော့်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်။  ပြဿနာမရှိပါဘူး'' ဟု ပြောကြားခဲ့သည်။

ဆာရီကလည်း '' အဲဒီအချိန်မှာ ကျွန်တော် သူ့ကို မမြင်ပါဘူး။ ဒါပေမဲ့ ပြီးရင် ကျွန်တော် သူ့ကို သွားနှုတ်ဆက်မှာပါ။ သာမန်ပါပဲ။ အဲဒီတုန်းကတော့ ကျွန်တော် အဝတ်လဲခန်းပဲ သွားချင်နေမိတယ်။ သူနဲ့လည်း ဘာမှပြဿနာမှမရှိပါဘူး'' ဟု ရှင်းလင်းခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အမှတ်ပေးပွဲအဝေးကွင်းနာက်ဆုံး (၂)ပွဲတွင် ပေးဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့သည်။

ထို့ပြင် အမှတ်ပေးဇယားတွင်လည်း အဆင့်(၆)အထိ ကျဆင်းသွားပြီး အာဆင်နယ်နှင့်ဂိုးကွာခြားချက်အကွာဖြင့် နောက်၌ရှိနေသည်။

Most Read

Most Recent