ဘာစီလိုနာအသင်းမှထွက်ခွာမည်မဟုတ်ဘဲ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမည်ဟု မယ်လ်ကွန် ဆို

ဘာစီလိုနာအသင်းမှထွက်ခွာမည်မဟုတ်ဘဲ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမည်ဟု မယ်လ်ကွန် ဆို
Photo: Getty Images
Photo: Getty Images
Published 10 February 2019

ဘာစီလိုနာတောင်ပံကစားသမား မယ်လ်ကွန်က မိမိအနေဖြင့် အသင်းမှ ထွက်ခွာမည်မဟုတ်ဘဲ ပွဲထွက်ခွင့်အတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၁) နှစ်အရွယ်ရှိ ဘရာဇီးလ်တောင်ပံကစားသမား မယ်လ်ကွန်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းကမှ ဘော်ဒိုးအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်းတွင် နာမည်ကျော်ကစားသမားများ ပေါများမှုကြောင့် မယ်လ်ကွန်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ (၁၄) ပွဲသာကစားခွင့်ရထားကာ (၃) ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။

ထို့ကြောင့် မယ်လ်ကွန်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် အသင်းပြောင်းရွှေ့မည်ဟု ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့က သတင်းများထွက်ပေါ်ခဲ့သလို လာမည့်ရာသီတွင် ဘာစီလိုနာအသင်းကို စွန့်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်သည်။

သို့သော် မယ်လ်ကွန်က မိမိမှာ အလျှော့ပေးတတ်သည့် အရှုံးသမားမဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

မယ်လ်ကွန်က '' ကျွန်တော်လဲကျရင် ကျွန်တော်ပြန်ထမှာပါ။ အကြိမ် (၁၀၀၀) လောက်လဲကျနေခဲ့မယ်ဆိုရင်တောင် သေချာတာတစ်ခုကတော့ ကျွန်တော်ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ပါဘူး'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent