လီဗာပူးလ်နှင့်ချန်ပီယံလိဂ်ပွဲတွင် နော်ယာ ပါဝင်ကစားရန်မသေချာ

လီဗာပူးလ်နှင့်ချန်ပီယံလိဂ်ပွဲတွင် နော်ယာ ပါဝင်ကစားရန်မသေချာ
Published 9 February 2019

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်က လီဗာပူးလ်အသင်းနှင်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် (ပထမအကျော့)ပွဲစဉ်တွင် အသင်းဂိုးသမား နော်ယာ ပါဝင်မကစားရန်မသေချာကြောင်း ပြောကြားခဲ့သည်။

နော်ယာသည် လက်မဒဏ်ရာကြောင့် လေဗာကူဆင်နှင့်ဘွန်ဒစ်လီဂါပွဲ၊ ဟာသာဘာလင်နှင့်ဂျာမန်ဖလားပွဲများကို လွဲချော်ခဲ့ကာ သူ၏နေရာတွင် အရန်ဂိုးသမား အူလ်ရစ်ချ်မှ အစားထိုးဝင်ကစားခဲ့ပြီး ရှော်လ်ကေးနှင့်ယနေ့ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်များကို ဆက်လက်လွဲချော်မည်ဖြစ်သည်။

'' ဆေးမှတ်တမ်းက ခက်ခဲနက်နဲပါတယ်။ ကျွန်တော် ဆရာဝန်မဟုတ်ပါဘူး။ သူ လက်မှာဒဏ်ရာရနေတယ်။ ဒါကတော့ အသေအချာပါပဲ။ လာမယ့်သောကြာနေ့ အော့စ်ဘတ်နဲ့ကစားမယ့် ဘွန်ဒစ်လီဂါပွဲ၊ လီဗာပူးလ်ပွဲတွေမှာ ဘာတွေဖြစ်လာမလဲ ကြည့်ရမယ်။ ကျွန်တော်တို့ စွန့်စားတဲ့လုပ်ရပ်မျိုးတော့ မလုပ်ပါဘူး။ ဆရာဝန်တွေက မန်နူရယ်(နော်ယာ)ပွဲကစားဖို့ အဆင်ပြေပြီဆိုမှ ထည့်သုံးမှာပါ။ အဲဒီလိုမဟုတ်ရင် မသုံးပါဘူး'' ဟု နီကိုကိုဗက်က ပြောကြားခဲ့သည်။

ထို့ပြင် ဟာသာဘာလင်နှင့်ဂျာမန်ဖလားပွဲတွင် နော်ယာမကစားခြင်းမှာ ကာယကံရှင်၏ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟုလည်း ကိုဗက်က ဝန်ခံခဲ့သည်။

'' ကစားသမားက အဆင်မပြေဘူးပြောလာတာကို ကျွန်တော်တို့ လက်ခံရပါမယ်။ ပြီးတော့ လေးလည်းလေးစားသင့်ပါတယ်။ ဘာလင်နဲ့ပွဲမတိုင်မီ သူနဲ့ စကားပြောခဲ့တယ်။ သူက မကစားနိုင်သေးဘူး ပြောခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် ရှော်လ်ကေးနဲ့ပွဲလည်း ဒီလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်'' ဟု ကိုဗက်က ပြောကြားခဲ့သည်။

Most Read

Most Recent