■ ပြင်သစ်လီဂူးပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 November 2024

PSG - လန်းစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၁၀:၃၀ နာရီ)

ချန်ပီယံလိဂ်တစ်ဖက်နဲ့ ဖိအားများနေတဲ့ PSG တို့ ပြင်သစ်လီဂူးမှာတော့ အမှတ်ရသလောက်ဖြတ်ထားနိုင်ဖို့ကြိုးစားမှာပါ။ အထူးသဖြင့် အိမ်ကွင်းပွဲတွေဆိုရင် PSG အသင်းရဲ့ ခြေစွမ်းနဲ့ တိုက်စစ်ကစားပုံက အမှားနည်းလွန်းပြီး ပြိုင်ဘက်တိုင်းကို စိတ်ကြိုက်ဖိအားပေးကစားနိုင်ပါတယ်။ လန်းစ်က လည်း ကွင်းမရွေးအမှတ်ယူတတ်တဲ့အသင်းဖြစ်ပြီး (၉)ပွဲကစား ပြီးချိန်မှာရှုံးပွဲတစ်ပွဲသာကြုံတွေ့ထားတဲ့အထိ ခြေစွမ်းတည်ငြိမ်မှုကို ပြသနိုင်ခဲ့တာပါ။ ဒါ့ပြင် PSG တို့ ဒီပွဲအပြီးချန်ပီယံလိဂ်ပွဲဆက်နွှဲရဖို့ရှိနေတာက လန်းစ်အတွက်အခွင့်အရေးပါပဲ။ PSG အားသာပေမယ့် လန်းစ်အမှတ်မျှော်လင့်နိုင်ပါတယ်။



ဘရက်စ် - နိုက်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၀၀:၃၀ နာရီ)

နှစ်သင်းစလုံးအမှတ်တူအနေအထားနဲ့ ဖိအားကင်းကင်း ရပ်တည်နေပါတယ်။ ဘရက်စ်က အိမ်ကွင်းမာသလို နိုက်စ်က လည်းကစားကောင်းတဲ့အသင်းပါ။ သရေဆိုတာ မျှတပါတယ်။



စိန့်အက်တီယန် - စထရာဘိုး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၂:၃၀ နာရီ)

တန်းဆင်းဇုန်ထဲက စိန့်အက်တီယန်တို့ အိမ်ကွင်းမှာရမှတ် ပြည့်ရယူပြီး ဖိအားတွေအောက်က ရုန်းထွက်ဖို့ကြိုးစားနိုင်မလား စောင့်ကြည့်ရပါမယ်။ စိန့်အက်တီယန် အမှတ်ယူသွားနိုင်တယ်။