■ ဘွန်ဒစ်လီဂါပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်

■ ဘွန်ဒစ်လီဂါပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်
Published 2 February 2019

ဟော်ဖန်ဟင်မ် နှင့် ဒစ်ဆယ်ဒေါ့ဖ် (စနေည ၉းဝ၀ နာရီ)

နိုင်ပွဲပြန်တွေ့ထားတဲ့ ဟော်ဖန်ဟင်မ်အသင်းရဲ့အိမ်ကွင်းခြေစွမ်းကို စောင့်ကြည့်သင့်ပေမယ့် ဒီတစ်ပွဲတော့ ဂိုးပြတ်နိုင်ဖို့ များတယ်။

လေဗာကူဆင် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၉းဝ၀ နာရီ)

လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်ကို တားဆီးနိုင်ဖို့ ခက်သွားပြီ။ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ခေတ်အဆက်ဆက် လွှမ်းမိုးထားနိုင်တဲ့ ဘိုင်ယန်အသင်း ယုံကြည်မှုပြန်ရနေတာဟာ ပြိုင်ဘက်အသင်းတွေအတွက်တော့ လာခြင်းကောင်းတဲ့အနေအထားမဟုတ်ပါဘူး။ ကွင်းလယ်မှာ သီယာဂိုနဲ့ ဂိုဟက်ဇ်ကာတို့ တွဲသုံးတာထက် လေဗာကူဆင်တိုက်စစ်က အန္တရာယ်ရှိလို့ ခံစစ်ကို အထောက်အကူဖြစ်အောင် သီယာဂို-ဟာဗီမာတီနက်ဇ်အတွဲပဲ ဆက်သုံးနိုင်ပြီး ကျန်နေရာမှာလည်း အပြောင်းအလဲ သိပ်မရှိနိုင်ဘူး။ လေဗာကူဆင်ရဲ့ခြေစွမ်းက မှန်းဆရခက်ပြီး ဒီရာသီမှာ ထိပ်သီးအသင်းတွေနဲ့ဆုံတွေ့တိုင်း ရလဒ်မကောင်းတတ်တာကိုတော့ ထည့်တွက်ရမှာပါ။ ဘိုင်ယန် ဂိုးပြတ် သွင်း၊ မသွင်းပဲကြည့်ရမယ်။

ဖရန့်ဖတ် နှင့် ဒေါ့မွန် (စနေည ၉းဝ၀ နာရီ)

ဘိုင်ယန်အသင်းရဲ့အဆက်မပြတ်ဖိအားပေးမှုကြောင့်  ဒေါ့မွန်အနေနဲ့ အမှားလုပ်လို့မရပါဘူး။ ဖရန့်ဖတ်က ဒီရာသီမှာ အိမ်ကွင်းစွမ်းဆောင်ရည် အနည်းငယ်ကျနေလို့ ဒေါ့မွန်ပဲ အနိုင် ရဖို့များတယ်။

ဟာသာဘာလင် နှင့် ဝုလ်ဖ်ဘတ် (စနေည ၉းဝ၀ နာရီ)

အမှတ်တူ(၂)သင်း တွေ့ဆုံမှုဖြစ်လို့ စိတ်ဝင်စားစရာကောင်းနေပြီး ဝုလ်ဖ်ဘတ်အသင်း ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ဖို့တော့ရှိပါတယ်။

နုရင်ဘတ် နှင့် ၀ါဒါဘရီမင် (စနေည ၉းဝ၀ နာရီ)

နုရင်ဘတ်က (၆)ပွဲဆက်ရှုံးထားပြီး ၀ါဒါဘရီမင်ကလည်း ဇယားအလယ်နားမှာရှိနေပေမယ့် အခြေအနေမကောင်းပါဘူး။ နုရင်ဘတ် အမှတ်ရသွားနိုင်တယ်။

ရှော်လ်ကေး နှင့် မိုချန်ဂလာဘတ် (စနေည ၁၂းဝ၀ နာရီ)

မိုချန်ဂလာဘတ်အသင်း အဝေးကွင်းနောက်ဆုံးပွဲမှာ အနိုင်ရထားပေမယ့် သတိတော့ထားရမှာပါ။ ရှော်လ်ကေး အနိုင်နဲ့ သရေပါပဲ။

 

 

 

 

 

 

 

 

Most Read

Most Recent