ဒဏ်ရာပြဿနာများကြောင့် လူသစ်ခေါ်ယူဖွယ်ရှိဟု ပိုချက်တီနို ပြောကြား

ဒဏ်ရာပြဿနာများကြောင့် လူသစ်ခေါ်ယူဖွယ်ရှိဟု ပိုချက်တီနို ပြောကြား
Photos : Gettyimages
Photos : Gettyimages
Published 28 January 2019

စပါးအသင်းနည်းပြ ပိုချက်တီနိုက ဒဏ်ရာပြဿနာများကြောင့် အပြောင်း အရွှေ့မပိတ်မီ ကစားသမားသစ်ခေါ်ယူ ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။

စပါးအသင်းသည် ကွင်းသစ်တည်ဆောက်မှုကြောင့် အသုံးစရိတ်ချွေတာလျက်ရှိပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင်လည်း ကစားသမားသစ်တစ်ဦးမျှ ခေါ်ယူခဲ့ခြင်းမရှိကြောင်း သိရသည်။

ယခု ဇန်နဝါရီတွင်လည်း ကစားသမားခေါ်ယူရန် အစီအစဉ်မရှိကြောင်း ပိုချက်တီနိုက ပြောကြားထားသော်လည်း ဟာရီကိန်းနှင့် အယ်လီ ဒဏ်ရာကြောင့် နှစ်လကြာ အနားယူရမည်ဖြစ်သလို ဆစ်ဆိုကိုနှင့် ဘင်ဒေးဗီးစ်မှာလည်း လိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ ဒဏ်ရာရရှိ ခဲ့သဖြင့် ယင်းကဲ့သို့ ပြန်လည်ပြောကြားခြင်း ဖြစ်သည်။

''အပြောင်းအရွှေ့ကာလပြီးဆုံးဖို့ ခြောက်ရက်  (စနေနေ့တွင် ပြောကြားခြင်းဖြစ်) ကျန်ပါသေးတယ်။ ဘာတွေဖြစ်လာမလဲဆို တာ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်တို့ ကတော့ လုပ်စရာရှိတာတွေ လုပ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ရွေးချယ်စရာ တချို့လည်းရှိပါတယ်။ လက်ရှိလူစာရင်းနဲ့ပဲ ဆက်သွားမလား၊ ဖြည့်တင်းမှုလုပ်နိုင်မလားဆိုတာ ကြည့်ရပါမယ်''ဟု ပိုချက်တီနိုက ပြောကြားသည်။

အပြောင်းအရွှေ့ကာလမှာ ဇန်နဝါရီ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး စပါးအသင်းအနေဖြင့် PSG အသင်းကွင်းလယ်လူ ရာဘီယူကိုခေါ်ယူရန် စိတ်ဝင်စားနေသည်။

Most Read

Most Recent