ဘက်တစ်တိုက်စစ်မှူး ဆာနာဘရီယာအား ဂျီနိုအာအသင်းအငှားဖြင့်ခေါ်ယူ

ဘက်တစ်တိုက်စစ်မှူး ဆာနာဘရီယာအား ဂျီနိုအာအသင်းအငှားဖြင့်ခေါ်ယူ
Photo: EPA
Photo: EPA
Published 26 January 2019

စီးရီးအေကလပ် ဂျီနိုအာအသင်းသည် ဘက်တစ်အသင်းတိုက်စစ်မှူး ဆာနာဘရီယာအား အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။

အသက် (၂၂) နှစ်အရွယ်ရှိ ပါရာဂွေးတိုက်စစ်မှူး ဆာနာဘရီယာအား ဂျီနိုအာအသင်းသည် (၁၈)လ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု Football italia ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပြီး ၂၀၂၀ ခုနှစ် ဇွန်လတွင် ယူရိုသန်း (၂၀) ဖြင့် အပြီးသတ်ခေါ်ယူနိုင်သည်ဆိုသောအချက်ပါ စာချုပ်ထဲတွင် ပါဝင်ကြောင်း သိရသည်။ 

ဘာစီလိုနာ (B) အသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သည့် ဆာနာဘရီယာသည် ဆာဆူအိုလို၊ ရိုးမား၊ စပို့တင်းဂီဟွန်စသည့် အသင်းများတွင် ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်က ဘက်တစ်အသင်းသို့ ယူရို (၇.၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ဆာနာဘရီယာသည် ဘက်တစ်အသင်းနှင့် ပြီးခဲ့သည့် (၃) ရာသီအတွင်း ပြိုင်ပွဲစုံ (၅၁) ပွဲတွင်၊ (၁၅) ဂိုးသွင်းယူနိုင်ခဲ့သူလည်းဖြစ်သည်။

ဂျီနိုအာအသင်းသည် အသင်း၏ အဓိကတိုက်စစ်မှူး ပီယွန်တက်ခ်အား အေစီမီလန်အသင်းထံရောင်းချပြီးနောက် ဆာနာဘရီယာကို ၄င်းနေရာတွင် အစားထိုးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဆာနာဘရီယာသည် ကလပ်ကစားသမားဘဝ ပြိုင်ပွဲစုံ (၉၆) ပွဲတွင် (၂၉) ဂိုးသွင်းယူထားပြီး၊ ပါရာဂွေးလက်ရွေးစင်အသင်းအတွက် (၉) ပွဲကစားကာ (၁) ဂိုးသွင်းယူထားသည်။

Most Read

Most Recent