ဒီဟေးယားမှာ မန်ယူအသင်း၏ ထာဝရအကောင်းဆုံးဂိုးသမား ဖြစ်လာနိုင်သူဟု ဆိုးလ်ရှား သုံးသပ်

ဒီဟေးယားမှာ မန်ယူအသင်း၏ ထာဝရအကောင်းဆုံးဂိုးသမား ဖြစ်လာနိုင်သူဟု ဆိုးလ်ရှား သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 14 January 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒီဟေးယားမှာ အသင်း၏ထာဝရအကောင်းဆုံးဂိုးသမား ဖြစ်လာနိုင်သူဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဒီဟေးယားသည် စပါးနှင့်ပွဲတွင် အံ့အားသင့်ဖွယ်စွမ်းဆောင်ပြခဲ့ပြီးနောက် ဆိုးလ်ရှားက ယင်းပွဲအပြီးတွင် သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ဒီဟေးယားမှာ ကာကွယ်မှု (၁၁)ကြိမ်ပြုလုပ်ခဲ့ပြီး ဆိုးလ်ရှားအတွက် ပြိုင်ပွဲစုံ (၆)ပွဲဆက်တိုက် အနိုင်ရရှိစေခဲ့သည်။

ဆိုးလ်ရှားက ဒီဟေးယားအနေဖြင့် အသင်းဂန္ထဝင်ဂိုးသမားများဖြစ်သည့် ပီတာရှမိုက်ကယ်နှင့် အက်ဒ်ဝင်ဗန်ဒါးဆားတို့နှင့် တစ်တန်းတည်းတွင်ရှိနေပြီဟု မှတ်ချက်ပြုခဲ့သည်။

'' ဒေးဗစ်(ဒီဟေးယား)ဟာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့မှာ ဂန္ထဝင်ဂိုးသမားတချို့ရှိခဲ့ပါတယ်။ သူဟာ သမိုင်းရဲ့နံပါတ်တစ်နေရာအတွက် စိန်ခေါ်နေပါပြီ။ ကျွန်တော်ဟာ ဂိုးသမားကောင်းတချို့နဲ့အတူ လက်တွဲခဲ့ဖူးပါတယ်။ မန်ယူအသင်းမှာ ဒီလိုဂိုးသမားကောင်းတွေကို ပိုင်ဆိုင်တာဟာ အစဉ်အလာလိုဖြစ်နေပါပြီ။ ဒေးဗစ်ကတော့ တဖြည်းဖြည်းနဲ့ အမြင့်ဆုံးရောက်သူဖြစ်ပြီး ဒီပွဲရဲ့အကောင်းဆုံးဆုနဲ့ ထိုက်တန်သူပါ'' ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုပွဲအနိုင်ရမှုကြောင့် အာဆင်နယ်နှင့်အမှတ်တူ (၄၁)မှတ်အထိ လိုက်လာနိုင်ပြီး စပါးအသင်းနှင့်မူ (၇)မှတ်ကွာဟလျက်ရှိသည်။