လေလံပွဲတွင် ပါလ်မာ၏ ပရီးမီးယားလိဂ်သမိုင်းဝင် ချယ်လ်ဆီးဂျာစီ စီရော်နယ်လ်ဒို၏ လေလံစံချိန်ကို ကျော်ဖြတ်ဖွယ်ရှိ

လေလံပွဲတွင် ပါလ်မာ၏ ပရီးမီးယားလိဂ်သမိုင်းဝင် ချယ်လ်ဆီးဂျာစီ စီရော်နယ်လ်ဒို၏ လေလံစံချိန်ကို ကျော်ဖြတ်ဖွယ်ရှိ
Photo: Goal
Photo: Goal
Published 2 October 2024

 

ဘရိုက်တန်အား (၄-၂)ဂိုးဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမပိုင်းတွင် (၄) ဂိုးသွင်းယူခဲ့သည့် ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ပါလ်မာ ဝတ်ဆင်ခဲ့သည့် သမိုင်းဝင်ဂျာစီသည် လေလံပွဲတွင်ကမ္ဘာကျော် စီရော်နယ်လ်ဒို၏ စံချိန်ကို ကျော်ဖြတ်ဖွယ်ရှိကြောင်း သိရသည်။ 

စက်တင်ဘာလ (၂၈) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၄-၂) ဘရိုက်တန်ပွဲ၌ ချယ်လ်ဆီးကွင်းလယ်တိုက်စစ်က စား ပါလ်မာသည် ပွဲချိန် (၂၁) မိနစ်၊ ၂၈ မိနစ် (Pen)၊ (၃၁) မိနစ်နှင့် (၄၁) မိနစ်တို့တွင် (၄) ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါလ်မာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲစဉ်တစ်ပွဲအတွင်း ပထမပိုင်း၌ (၄) ဂိုး သွင်းသည့် ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ 

ဘရိုက်တန် နှင့်ပွဲတွင် ပါလ်မာ ဝတ်ဆင်ခဲ့သည့် ဂျာစီကိုိ MatchWornShirt.com ၌ လေလံတင် ရောင်းချမည်ဖြစ်သည်။ လက်ရှိတွင် ပါလ်မာ၏ပရီး မီးယားလိဂ်သမိုင်းဝင်ဂျာစီကို လေလံပွဲတွင် ပေါင် (၁၆၀၀၀) ပေးသူရှိနေပြီး ရရှိခဲ့သည့်ငွေများကို ချယ်လ် ဆီးဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းမည်ဖြစ်သည်။ 

လက်ရှိ MatchWornShirt.com မှ ရောင်းချသည့် စျေးအကြီးဆုံးဂျာစီမှာ ပေါင်(၃၆၀၀၀)ဖြစ်ပြီး မန်ယူကစားသမားဘဝဒုတိယအကြိမ်တွင် စီရော်နယ်လ်ဒိုဝတ်ဆင်ခဲ့သည့်ဂျာစီဖြစ်သည်။ ယခု ပါလ်မာ၏သမိုင်းဝင်ဂျာစီကို ဝယ်ယူလိုသူ များပြားနေပြီး စီရော်နယ်လ်ဒို၏ဂျာစီစံချိန်ကို ကျော်ဖြတ်ဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent