လိဂ်ဖလား ဆီမီးဖိုင်နယ်(ပထမအကျော့) ဒုတိယနေ့ပွဲစဉ်မှာ မန်စီးတီးအသင်းက League One ကလပ် ဘာတန်အသင်းကို (၉-၀)ဂိုးနဲ့ အံ့အားသင့်ဖွယ် ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဂျေးဆူတစ်ဦးတည်းက (၄)ဂိုးသွင်းယူပေးခဲ့ပြီး ဒီဘရိုင်းနား၊ ဇင်ချန်ကို၊ ဖိုဒန်၊ ဝေါ်လ်ကာနဲ့ မာရက်ဇ်တို့က (၁)ဂိုးစီ သွင်းပေးခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ အသင်းရဲ့နှစ်ပေါင်း(၃၁)နှစ်ကျော်အတွင်း ဂိုးအပြတ်ဆုံး နိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ဒီပွဲရလဒ်ကတော့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ဂိုးအပြတ်ဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
စပိန်ဘုရင့်ဖလားပွဲမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက ရာမို့စ်(ပယ်နယ်တီ)၊ ဗက်ဇ်ကေး၊ ဗင်နီစီယပ်စ်တို့ရဲ့ဂိုးတွေနဲ့ လီဟာနက်စ်ကို (၃)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ရာမို့စ်ဟာ ကစားသမားဘဝ သွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့ပြီး ရီးယဲလ်အသင်းအတွက် (၈၀ ဂိုး)၊ စပိန်လက်ရွေးစင်အသင်းအတွက် (၁၇)ဂိုးနဲ့ ဆီဗီလာအတွက် (၃)ဂိုးသွင်းယူပေးခဲ့ပါတယ်။
ပြင်သစ်လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ
မိုနာကို ၁-၁ ရန်းစ်
(ပယ်နယ်တီ ၈-၇ ဖြင့် မိုနာကိုနောက်တစ်ဆင့်တက်)
ဘော်ဒိုး ၁-၀ လီဟာဗေး
PSG ၁-၂ ဂူအင်ဂမ့်
လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်
မန်စီးတီး ၉-၀ ဘာတန်
စပိန်ဘုရင့်ဖလား (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်များ
ဟီရိုနာ ၁-၁ အက်သလက်တီကို
ဂီတာဖေး ၁-၀ ဗယ်လာဒိုလစ်
ဗီလာရီးယဲလ် ၂-၂ အက်စ်ပန်ညို
ရီးယဲလ်မက်ဒရစ် ၃-၀ လီဟာနက်စ်