မိုရာတာရဲ့သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး

မိုရာတာရဲ့သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး
Photo: Chelsea FC via Getty Images
Photo: Chelsea FC via Getty Images
Published 5 January 2019

 

■ ချယ်လ်ဆီး ၂-၀ နော်တင်ဟမ်ဖောရက်စ်

FA ဖလား တတိယအဆင့်ပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ တိုက်စစ်မှူး မိုရာတာရဲ့သွင်းဂိုး (၂) ဂိုးနဲ့အတူ (၂-၀) ဂိုးနဲ့အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာဂိုးမရှိသရေကျခဲ့တာကြောင့် ဖိအားများနေတဲ့ ချယ်လ်ဆီးနည်းပြဆာရီဟာ ဒီနေ့ပွဲမှာလည်း အရန်ကစားသမားတွေနဲ့ လူငယ်တွေကိုအသုံးပြုပြီး ပွဲထွက်ကစားစေခဲ့တာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်းကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးအသင်းကို အကောင်းဆုံးရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ကစားကွက်စီးမှုအောက်မှာ တုံ့ပြန်နိုင်ခြင်းမရှိဘဲ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒီနေ့ပွဲစဉ်မှာမှာချယ်လ်ဆီးအသင်းရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ အမ်ပါဒူ၊ အော့ဒွိုင်းတို့ အကောင်းဆုံးပုံစံပြခဲ့သလို အသင်းခေါင်းဆောင်အဖြစ်ကစားတဲ့ ဖာဘရီဂတ်စ်ကလည်း အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲစကတည်းက ချယ်လ်ဆီးအသင်းက ကွင်းတစ်ဝက်နီးပါးဖိကစားခဲ့ပြီး ထရစပ်တိုက်စစ်ဆင်ခဲ့တာပါ။ ဒါပေမဲ့နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ခံစစ်နဲ့ ဂိုးသမားတို့ အဆင့်ဆင့်ကာကွယ်ဖျက်ထုတ်နေလို့ ဂိုးရဖို့တော့ ခက်နေခဲ့ပါတယ်။

ပွဲချိန်မိနစ် (၃၀) မှာ လော့ဖ်တပ်ချိစ်ကြောင့်ရရှိတဲ့ ပယ်နယ်တီကို ဖာဘရီဂတ်စ်ကန်သွင်းခဲ့ပေမယ့် နော်တင်ဟမ်ဖောရက်စ်ဂိုးသမားကာကွယ်နိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးနဲ့ဝေးခဲ့ရပါတယ်။ 

ပွဲချိန် (၄၂) မိနစ်မှာလည်း ဒဏ်ရာရသွားတဲ့ လော့ဖ်တပ်ချိစ်နေရာမှာ အဓိကကစားသမားဟာဇက်ဝင်လာခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားပုံကလည်း ပိုထိရောက်လာခဲ့တာပါ။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် အလှည့်အပြောင်းဖြစ်ခဲ့တာက ပွဲချိန်ဒုတိယပိုင်းပါ။

ဒုတိယပိုင်းပွဲစပြီး (၄) မိနစ်အကြာ ပွဲချိန် (၄၉) မိနစ်မှာ အော့ဒွိုင်းရဲ့ပေးပို့မှုကို မိုရာတာက ပိတ်သွင်းယူပြီးအဖွင့်ဂိုးရစေခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ မိုရာတာ အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးပေါ်ထောင်ကန်ခဲ့လို့ ချယ်လ်ဆီးနစ်နာခဲ့ပြီး၊ အဲဒီနောက် ပွဲချိန် (၅၉) မိနစ်မှာ အော့ဒွိုင်းရဲ့ဖြတ်တင်ပေးပို့မှုကနေ မိုရာတာက ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းယူခဲ့တာပါတယ်။

ဒီပွဲမှာဖန်တီးမှု (၂) ကြိမ်ပြုလုပ်ပေးခဲ့တဲ့ အသက် (၁၈) နှစ်အရွယ် အော့ဒွိုင်းကတော့ ၂၀၀၇ ခုနှစ်ဆင်ကလဲယားနောက်ပိုင်း ယင်းစွမ်းဆောင်ရည်ကိုပြန်ရခဲ့တဲ့ ချယ်လ်ဆီးကစားသမားလည်းဖြစ်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့လည်း ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် အိမ်ရှင်းအသင်းရဲ့ခံစစ်ကိုတော့ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။

လက်ကျန်မိနစ်တွေမှာ ချယ်ဆီးအသင်း အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို နော်တင်ဟမ်ဖောရက်စ်ရဲ့ခံစစ်ပိုင်းက မာမာထန်ထန်နဲ့တုံ့ပြန်ခဲ့တာကြောင့် (၂-၀) ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အိမ်ရှင်ချယ်လ်ဆီးအသင်းက FA ဖလား စတုတ္ထအဆင့်ကို (၂၁) ရာသီဆက်တက်ရောက်နိုင်ခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

FA ဖလားတတိယအဆင့်ပွဲစဉ်များ ရလဒ်

ရှက်ဖီးဝင်းစ်ဒေး ၀-၀ လူတန်

မန်ယူ ၂-၀ ရက်ဒင်း

ဝက်စ်ဘရွန်း ၁-၀ ဝီဂန်

ရှရူးဘူရီ ၁-၁ စတုတ်စီးတီး

ဘုန်းမောက် ၁-၃ ဘရိုက်တန်

ဝက်စ်ဟမ်း    ၂-၀ ဘာမင်ဂမ်

ဘန်လေ ၁-၀ ဘန်စလေ

ဘော်လ်တန် ၅-၂ ဝဲဆောလ်

ဘရန့်ဖို့ဒ် ၁-၀ အောက်စဖို့ဒ်

ချယ်လ်ဆီး    ၂-၀ နော်တင်ဟမ်

ဖလိဝုဒ် ၂-၃ ဝင်ဘယ်လ်ဒန်

မစ်ဒယ်ဘရော့ ၅-၀ ပီတာဘရော့

အက်စတွန်ဗီလာ ၀-၃ ဆွမ်ဆီး

ဂီလင်ဟမ် ၁-၀ ကာဒစ်ဖ်

အဲဗာတန် ၂-၁ လင်ကွန်းစီးတီး

ဒါဘီ ၂-၂ ဆောက်သမ်တန်

အက်ကရင်တန် ၁-၀ အစ်ဝစ်ချ်

လာလီဂါ

ဗယ်လာဒိုလစ် ၀-၁ ဗယ်လက်ကာနို

င်္ပြင်သစ်ဖလား (ပထမအဆင့်)

ဗီရီရှာတီယွန် ၁-၀ အန်ဂါစ်

ခရော့IC ၂-၀ ရာအွန်အီတက်

မာရီနန်ဂျီနက် ၁-၁ ကလဲမွန်

(ပယ်နယ်တီ ၃-၀ ဖြင့် မာရီနန်ဂျီနက်နိုင်)

တူးစ် ၁-၂ လီဆယ်ဘီးစ်

ဘတ်စတီယာ ၂-၂ ကွန်ကာနူး

(ပယ်နယ်တီ ၅-၄ ဖြင့် ဘတ်စတီယာနိုင်)

အော်လီယွန် ၃-၂ လီယွန်

အာမီယန်စ် ၁-၀ ဗလန်စီနက်စ်

လီယွန်ဒူချယ် ၃-၀ နီးစ်

စတက်ပွန်တီဗီ ၂-၄ ဂူအင်ဂမ့်

ဘယ်ဂျူဟက် ၂-၁ နော့

အွန်တွန်တီ ၁-၀ မောင့်ပယ်လီယာ

လူဖွီ ၀-၁ နန်စီ

Most Read

Most Recent