ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်များ ခေါ်ယူရန်မမျှော်လင့်ဟု ဆိုးလ်ရှားဝန်ခံ

ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်များ ခေါ်ယူရန်မမျှော်လင့်ဟု ဆိုးလ်ရှားဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 5 January 2019

မန်ယူအသင်း ယာယီနည်းပြဆိုးလ်ရှားက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ်ယူနိုင်မည်ဟု မျှော်လင့်မထားကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်ရှားက ယခုနွေရာသီအပြောင်းအရွှေ့ကိစ္စများအတွက် အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်နှင့် တွေ့ဆုံမည်ဟု ဇန်နဝါရီလ (၄) ရက်နေ့က ပြောကြားခဲ့သည်။

သတင်းထောက်များက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းကို ကစားသမားသစ်များ ရောက်လာမည်လားဟု မေးမြန်းခဲ့ရာ ဆိုးလ်ရှားက " ကစားသမားသစ်တွေ ရောက်လာမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ တကယ်လို့ အသင်းကလည်း ပစ်မှတ်ထားတယ်။ ကစားသမားကလည်း အသင်းနဲ့ ကိုက်ညီမယ်ဆိုရင် ကျွန်တော့်အနေနဲ့ အိုကေတယ်ဆိုပြီး ပြောမှာပါ။ ဒါပေမဲ့ ကစားသမားသစ် ခေါ်ယူတာက ကျွန်တော်ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ လက်ရှိ လူစာရင်းနဲ့လည်း ကျွန်တော်ကျေနပ်ပါတယ်" ဟုပြောကြားခဲ့သည်။ 

သို့သော် ဆိုးလ်ရှားက မန်ယူအသင်းတွင် ကင်းထောက်ကောင်းများကို ပိုင်ဆိုင်ထားပြီး ၄င်းတို့အနေဖြင့် မန်ယူအသင်းကို ခိုင်မာအောင် တည်ဆောက်ရေးအတွက် ပစ်မှတ်ထားနေသည့် ကစားသမားများရှိလိမ့်မည်ဟု ယူဆကြောင်းလည်း ပြောကြားခဲ့သည်။

မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိကိုင်တွယ်ခွင့်ရခဲ့သော ဆိုးလ်ရှားသည် စတင်ကိုင်တွယ်ကတည်းက ကစားခဲ့သည့် ပြိုင်ပွဲစုံ (၅) ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိထားပြီး အမြဲတမ်းနည်းပြ ဖြစ်လာရန်အတွက် ကစားသမားများနှင့် ပရိသတ်များ၏ ထောက်ခံမှုကို အပြည့်အဝရရှိနေသူဖြစ်သည်။

Most Read

Most Recent