အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရမည်

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရမည်
Photos : Reuters
Photos : Reuters
Published 5 January 2019

မာရာဒိုနာမှာ လက်ရှိတွင် မက္ကဆီကိုဒုတိယတန်းကလပ် ဒေါ်ရာဒိုးစ်အသင်းကို နည်းပြနေခြင်းဖြစ်သည်။

အာဂျင်တီးနားနာမည်ကျော်ကစားသမားဟောင်း မာရာဒိုနာသည် သူ၏ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဗြိတိန်သတင်းစာ The Sun တွင်ရေးသားသည့်သတင်း၌ မာရာဒိုနာ(၅၈ နှစ်)သည် အာဂျင်တီးနားနိုင်ငံရှိ ဆေးခန်းတစ်ခုတွင် ပုံမှန်ဆေးစစ်မှုခံယူရာမှ အစာအိမ်အတွင်းပိုင်း သွေးထွက်နေမှုကြောင့် ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။

ဆေးရုံတွင် မာရာဒိုနာနှင့်အတူ သူ၏သားသမီး(၃)ဦးဖြစ်သည့် ဂျီယာနီနာ၊ ဟာနာ၊ ဒီယေဂိုဂျူနီယာတို့လည်း အတူရှိနေကြောင်း သိရသည်။

မာရာဒိုနာမှာ လက်ရှိတွင် မက္ကဆီကိုဒုတိယတန်းကလပ် ဒေါ်ရာဒိုးစ်အသင်းကို နည်းပြနေခြင်းဖြစ်သည်။

၎င်းသည် အသင်းကို Play-off ဗိုလ်လုပွဲအထိ တက်ရောက်ရန် စွမ်းဆောင်ပေးခဲ့သော်လည်း အရေးနိမ့်ခဲ့ခြင်းကြောင့် တန်းတက်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

သူ၏အေးဂျင့်ဖြစ်သူ မားတီးယက်စ်မော်လာကမူ မာရာဒိုနာအနေဖြင့် လက်ရှိအသင်းနှင့်ပင် ဒုတိယရာသီ ဆက်ရှိနေမည်ဟု အတည်ပြုပြောကြားထားသည်။

ဒေါ်ရာဒိုးစ်အသင်းသည် မာရာဒိုနာ စတင်ကိုင်တွယ်သည့် စက်တင်ဘာလတွင် အသင်းမှာ ရုန်းကန်နေရသော်လည်း နောက်ပိုင်းတွင်မူ အသင်း၌ တိုးတက်မှုများရှိလာခဲ့သည်။

Most Read

Most Recent