ပြည်တွင်းစားသုံးသည့် ဆန်တစ်အိတ်လျှင် ဆန်ချော ကျပ် ၂၀၀၀၊ ဆန်ကြမ်းကျပ် ၁၀၀၀ ကျော် ကျဆင်းနေပြီးလက်ရှိတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၆၃၀၀၀ နှင့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၉၀၀၀ ဝန်းကျင်ရှိနေ

ပြည်တွင်းစားသုံးသည့် ဆန်တစ်အိတ်လျှင် ဆန်ချော ကျပ် ၂၀၀၀၊ ဆန်ကြမ်းကျပ် ၁၀၀၀ ကျော် ကျဆင်းနေပြီးလက်ရှိတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၆၃၀၀၀ နှင့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၉၀၀၀ ဝန်းကျင်ရှိနေ
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ရုံကို ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ရုံကို ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 3 January 2019
နီလာ

ပြည်တွင်းစားသုံးသည့် ဆန်ချောနှင့် ဆန်ကြမ်းစျေး ကျဆင်းနေပြီး ဆန်ချောတစ်အိတ်လျှင် ကျပ် ၂၀၀၀၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၀၀၀ ကျော် ကျဆင်းနေပြီး လက်ရှိတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၃ဝဝဝအထိ ပေါက်စျေးရှိကာ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၉၀၀၀ ဝန်းကျင်ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

လက်ရှိတွင် ဆန်ချောစျေး ကျဆင်းနေသည် ဆိုသော်လည်း ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် လအလိုက် ဆန်ချောစျေးနှုန်းများအရ ဇန်နဝါရီလတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ်၄၆၀၀၀၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလတွင် ကျပ် ၅၅၀၀၀၊ မေလတွင် ကျပ် ၅၆၀၀၀၊ ဇွန်လတွင် ကျပ်၅၇၀၀၀၊ ဇူလိုင်လတွင် ကျပ် ၅၅၀၀၀၊ သြဂုတ်နှင့်စက် တင်ဘာလတွင် ကျပ် ၆၂၀၀၀၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် ကျပ် ၆၅၀၀၀ အထိ စျေးမြင့်တက်ခဲ့ပြီး ဒီဇင်ဘာတွင် ကျပ် ၆၃၀၀၀ အထိ စျေးရှိခဲ့သည်။ လက်ရှိတွင် ဆန်စျေးကျဆင်း နေသော်လည်း ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် ရွှေဘိုပေါ်ဆန်းစျေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်ပါက ကျပ် ၁၇၀၀၀ ခန့် စျေးမြင့်နေသေးသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများကို လေ့လာကြည့်ပါက ၂၀၁၄ ခုနှစ်က ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၄၃၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၊ ငစိန် ၂၅မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်းတွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်၊  ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၁၇၀၀၀ ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ၁၀၈ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၄၆၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိခဲ့သည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းမှ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ပထမအတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၆၂၀၀၀ မှ အမြင့်ဆုံး ကျပ် ၆၄၀၀၀ အထိလည်းကောင်း၊ မြောင်းမြ /ပုသိမ် ပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၃၈၀၀၀ မှ အမြင့်ဆုံးကျပ် ၄၂၀၀၀ အထိ လည်းကောင်း၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၃၆၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၃၈၀၀၀ အထိလည်းကောင်း၊ ဧည့်မထ (၂၅မှတ်ဆန်) တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၂၁၀၀၀ မှ အမြင့်ဆုံးကျပ် ၂၂၅၀၀ အထိလည်းကောင်း အသီးသီး စျေးရှိခဲ့သည်။

ဇန်နဝါရီ ၃ ရက်ကမူ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၆၂၀၀၀ မှ အမြင့်ဆုံး ကျပ် ၆၄၀၀၀ အထိလည်းကောင်း၊ မြောင်းမြ/ပုသိမ် ပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၃၈၀၀၀ မှ အမြင့်ဆုံးကျပ် ၄၂၀၀၀ အထိလည်းကောင်း၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၃၆၀၀၀၀ မှ အမြင့်ဆုံးကျပ် ၃၈၀၀၀ အထိလည်းကောင်း၊ ဧည့်မထ (၂၅ မှတ်ဆန်) တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၂၁၀၀၀ မှ အမြင့်ဆုံးကျပ် ၂၁၅၀၀ အထိလည်းကောင်း အသီးသီးစျေးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent