အမျိုးသား အကျိုးစီးပွားကိုကြည့်ပြီး ဘိုးဘွားများ အမွေပေးခဲ့သည့် လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေ အဖဲ့မခံရရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လက်နက်ကို ကိုင်စွဲရင်ဆိုင်ကြရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ တိုက်တွန်း

အမျိုးသား အကျိုးစီးပွားကိုကြည့်ပြီး ဘိုးဘွားများ အမွေပေးခဲ့သည့် လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေ အဖဲ့မခံရရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လက်နက်ကို ကိုင်စွဲရင်ဆိုင်ကြရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ တိုက်တွန်း
ဇန်နဝါရီ ၃ ရက်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ရုံးချုပ်၌ ပြုလုပ်သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိ်မ်းအမှတ် အခမ်းအနားကို တွေ့ရစဉ်
ဇန်နဝါရီ ၃ ရက်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ရုံးချုပ်၌ ပြုလုပ်သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိ်မ်းအမှတ် အခမ်းအနားကို တွေ့ရစဉ်
Published 3 January 2019
မောင်ထူး

အမျိုးသား အကျိုးစီးပွားကိုကြည့်ပြီး ဘိုးဘွားများ အမွေပေးခဲ့သည့် လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေ အဖဲ့မခံရရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လက်နက်ကို ကိုင်စွဲရင်ဆိုင်ကြရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက တိုက်တွန်းပြောကြားသည်။

ဇန်နဝါရီ ၃ ရက်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရုံးချုပ်၌ ပြုလုပ်သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိ်မ်းအမှတ် အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ဦးဟန်ရွှေက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

လွတ်လပ်ရေးရပြီး (၇၁) နှစ် ကြာလာသည့်အချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပြည်သူ့ဘဝ လုံခြုံရေးနှင့် ရခိုင်ပြည်နယ်အရေးတို့မှာ စိန်ခေါ်မှုများ ဖြစ်နေကြောင်း ဦးဟန်ရွှေက ပြောကြားသည်။

“မှားမှားမှန်မှန်် ကိုယ့်နိုင်ငံပဲဆိုတဲ့ ခံယူချက်နဲဲ့ အမျိုးသား အကျိုးစီးပွားကိုကြည့်ပြီး ဒီကနေ့ ကျွန်တော်တို့ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကာ  တိုင်းရင်း သားဘိုးဘွားတွေ အမွေပေးခဲ့တဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ အဖိုးတန်ရွှေမြေ ပိုင်နက်နယ်မြေ မထိပါးရေး အဖဲ့မခံရေးတို့အတွက် အထိရောက်ဆုံး လက်နက်ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လက်နက်ကို ကျွန်တော်တို့အားလုံး ကိုင်စွဲပြီး ရင်ဆိုင်ကြပါစို့လို့ တိုက်တွန်းပါတယ်” ဟု ဦးဟန်ရွှေက ဆိုသည်။

လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၁) နှစ် ရှိလာသည့်အချိန်ထိ မိမိတို့နိုင်ငံသည် တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းရမည့် ခရီးစဉ်ကို မလျှောက်လှမ်းနိုင်ခဲ့ဘဲ ပြည်သူများ အနေဖြင့်လည်း သွားရမည့် ခရီးလမ်းကို တည်တည်ငြိမ်ငြိမ် မလျှောက်နိုင်ခဲ့သည့်ဘဝ ဖြစ်ခဲ့ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။ 

လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ကြရန်နှင့် ကမ္ဘာ့အလယ်တွင် အခြားနိုင်ငံများများနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်မှန်းချက်အိပ်မက် အမျိုးမျိုး မက်ခဲ့ကြကြောင်း၊ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အစိုးရအဆက်ဆက်က ၎င်းတို့၏ ခေတ်အလိုက် ပေါ်လစီများဖြင့် တိုင်းပြည်တည်ဆောက်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း ဦးဟန်ရွှေကဆိုသည်။

ဆက်လက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပသည့်  ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသည့်အတွက် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရ ဖြစ်လာကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို မူဝါဒအဖြစ် ဆက်လက်ထားရှိပြီး “အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်” အဖြစ် တည်ဆောက်ရေး၊ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး ရည်မှန်းချက်ကို ထားခဲ့ကြောင်း ဦးဟန်ရွှေက ပြောကြားသည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် NLD က အနိုင်ရရှိပြီး အစိုးရဖြစ်လာကြောင်း၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ဦးစားပေးအဆင့်များ သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကရည်မှန်းချက်မှာ ပြည်သူများ၏ ဆန္ဒနှင့်အညီ စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း၊ ၎င်းသည် အိပ်မက်အသစ်ဖြစ်ကြောင်း၊ ထိုရည်မှန်းချက်အိပ်မက်ကို အကောင်အထည် ဖော်နေသည်မှာ သုံးနှစ်အတွင်းသို့ ရောက်နေပြီဖြစ်ကြောင်း ဦးဟန်ရွှေက ဆိုသည်။

 

Most Read

Most Recent