တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို သဘောတူလက်မှတ် ရေးထိုးပြီးနောက် အခြားစီမံကိန်းများ အတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှို်င်းနေဟုဆို

တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို သဘောတူလက်မှတ် ရေးထိုးပြီးနောက် အခြားစီမံကိန်းများ အတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှို်င်းနေဟုဆို
တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 20 December 2018
ဆန်းထူးအောင်

တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို သဘောတူ လက်မှတ်ရေးထိုးပြီးနောက် အခြားသောစီမံ ကိန်းများအတွက် နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိ နှိုင်းမှုများပြုလုပ်နေကြောင်း၊ ယူနန်၊ တက် ဟုန်းပြည်နယ်ခွဲ ပါတီကော်မတီဝင် အမြဲ တမ်းကော်မတီ၊ ဒုတိယပြည်နယ်ခွဲအုပ်ချုပ် ရေးမှူး မစ္စတာကျန်းဟွေးက ဒီဇင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ ပါရမီလမ်းရှိ လောက နတ်အိမ်ရာတွင် ပြုလုပ်သည့်  တက်ဟုန်း ပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာ နိုင်ငံကိုယ်စားလှယ်ရုံးခွဲ (ရန်ကုန်မြို့ရုံးခွဲ) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

“ဒီနှစ်အတွင်းမှာ နှစ်နိုင်ငံခေါင်းဆောင် များရဲ့ကြိုးစားမှုကြောင့် စီမံကိန်းကြီးတွေမှာ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ရထားလမ်းစီမံကိန်း၊ ကျောက် ဖြူစီးပွားရေးဇုန် စီမံကိန်း၊ ရေနက် ဆိပ်ကမ်းစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို သဘောတူစာချုပ်များ၊ MoU များကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ထို့အတူ အခြားသော စီမံကိန်းများကို နှစ်ဦးနှစ်ဖက်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေပါတယ်” ဟု မစ္စတာ ကျန်းဟွေးက ပြောကြားသည်။

ထို့ပြင် တက်ဟုန်းပြည်နယ်ခွဲ ကုန် သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ် စားလှယ်ရုံးခွဲသည် တက်ဟုန်းပြည်နယ်ခွဲ ပါတီကုမ္ပဏီ၊ တက်ဟုန်းပြည်နယ်ခွဲပြည်သူ့ အစိုးရ၊ ရွှေလီအထူးစီးပွားရေးစမ်းသပ်ဇုန် ၏အောက်တွင် အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ ဖလှယ်မှုများအတွက် ဖွင့်လှစ်ထားသည့်ရုံး ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှ စတင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ ကောင်စစ်ဝန်ရုံးများဖြင့် အကောင်အထည် ဖော်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“တရုတ်-မြန်မာ နှစ်နိုင်ငံ အကောင်အထည်ဖော်နေတဲ့ One Belt One Road မဟာဗျူဟာ စီမံကိန်းအောက်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးစင်္ကြံ စီမံကိန်းအောက်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ အခြေခံအုတ်မြစ် တည်ဆောက်မှုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး တည်ဆောက်မှု လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ငွေကြေးပေးချေရေးလုပ်ငန်း၊ ပေါ်လစီများ ချိတ်ဆက်မှုလုပ်ငန်းနဲ့ ပြည်သူများအကြား ချစ်ကြည်မှုက ပိုမိုလျင်မြန် ချောမွေ့လာမယ်လို့ ယုံကြည်ပါတယ်” ဟု မစ္စတာကျန်းဟွေးက ပြောကြားသည်။                 

Most Read

Most Recent