ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ လိုငွေဖြစ်ပေါ်နေသည်ကို လက်ခံနိုင်သော်လည်း စက်မှုဝန်ကြီးဌာနလက်အောက်မှ အမှတ် (၁)၊ (၂)၊ (၃) အကြီးစားစက်မှုလုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းများဖြစ်၍ လိုငွေပြနေခြင်းကို စနစ်တကျစိစစ်ရန် လိုအပ်နေ

ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ လိုငွေဖြစ်ပေါ်နေသည်ကို လက်ခံနိုင်သော်လည်း စက်မှုဝန်ကြီးဌာနလက်အောက်မှ အမှတ် (၁)၊ (၂)၊ (၃) အကြီးစားစက်မှုလုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းများဖြစ်၍ လိုငွေပြနေခြင်းကို စနစ်တကျစိစစ်ရန် လိုအပ်နေ
လိုငွေပြနေသည့် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စက်ရုံတစ်ခု၏ ကုန်ကြမ်းထုတ်ဌာန၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်  (ဓာတ်ပုံ-စက်မှုဝန်ကြီးဌာန)
လိုငွေပြနေသည့် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စက်ရုံတစ်ခု၏ ကုန်ကြမ်းထုတ်ဌာန၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စက်မှုဝန်ကြီးဌာန)
Published 17 December 2018

နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများအနက် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ လိုငွေဖြစ်ပေါ်နေသည်ကို လက်ခံနိုင်သော်လည်း စက်မှုဝန်ကြီးဌာနလက်အောက်မှ အမှတ် (၁)၊ (၂)၊ (၃) အကြီးစားစက်မှုလုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းများဖြစ်၍ လိုငွေပြနေခြင်းကို စနစ်တကျစိစစ်ရန် လိုအပနေကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအနက် လိုငွေပြနေသော လုပ်ငန်းများမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ မြန်မာ့မီးရထားလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းတို့သည် ပြည်သူ့အကျိုးပြုဝန်ဆောင်မှု လုပ်ငန်းများဖြစ်သဖြင့် လိုငွေဖြစ်ပေါ်နေခြင်းကို လက်ခံနိုင်သော်လည်း  စက်မှုဝန်ကြီးဌာနလက်အောက်မှ အမှတ် (၁)၊ (၂)၊ (၃) အကြီးစားစက်မှုလုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းများဖြစ်၍ လိုငွေပြနေခြင်းကို စနစ်တကျစိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်း ၃၁ ခုအနက် လိုငွေဖြစ်ပေါ်ခဲ့သော စီးပွားရေးအဖွဲ့အစည်း ၁၁ ခုအနေဖြင့် ပိုငွေရရှိလာအောင် ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့်ပတ်သက်ပြီး လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာတွင် နိုင်ငံတော်စီးပွား ရေးအဖွဲ့အစည်းများအနေဖြင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေသားစာရင်းအရလိုငွေ ကျပ် ၁၄၈ ဘီလျံဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုစာရင်းအရ ကျပ် ၈၈၂ ဘီလျံ အမြတ်ရရှိခဲ့ကာ လိုငွေကျပ် ၁၄၈ ဖြစ်ပေါ်ရာတွင် ပြည်ထောင်စု ရန်ပုံငွေအတွင်းရှိ စီးပွားရေးအဖွဲ့အစည်းများ၏ လိုငွေများ ကျပ် ၁၉၃ ဘီလျံရှိခဲ့သည်။  ကုန်သွယ်မှုစာရင်းအရ အမြတ်ရရှိရာတွင် သယံဇာတပစ္စည်းထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ဘဏ်နှင့်ငွေကြေးအဖွဲ့အစည်းများသာ အမြတ်ရရှိခဲ့ပြီး ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် အဖွဲ့အစည်းများအနေဖြင့် အရှုံးဖြစ်ပေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရန်ပုံငွေ (အတွင်း) အရှုံးပေါ်သည့်အဖွဲ့အစည်း ၁၀ ဖွဲ့ရှိပြီး အမြတ်ရရှိသည့်အဖွဲ့အစည်း ၁၆ ဖွဲ့ရှိကြောင်း၊ ဘဏ္ဍာရန်ပုံငွေ (ပြင်ပ) အရှုံးဖြစ်ပေါ်သည့် အဖွဲ့အစည်းနှစ်ဖွဲ့ရှိပြီး အမြတ်ရရှိသည့် အဖွဲ့အစည်းသုံးခုရှိပြီင်္း အရှုံးအများဆုံး ဖြစ်ပေါ်ခဲ့သည့် အဖွဲ့အစည်းများ ဖြစ်သည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် ကျပ် ၅၀၇ ဒသမ ၉၆၂ ဘီလျံ၊ မြန်မာ့မီးရထားအနေဖြင့် ကျပ် ၇၉ ဒသမ ၄၅၇ ဘီလျံဖြစ်ကြောင်းနှင့် အမြတ်အများဆုံးရရှိခဲ့သည့် အဖွဲ့အစည်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ကျပ် ၁၄၁ ဒသမ ၅၀၁ ဘီလျံဖြစ်သည်။

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအား ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်နိုင်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ မည်သည့်အဖွဲ့အစည်းမျှ ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည့်အတွက် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအားကိုယ် ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်နိုင်စေရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ချမှတ်ဆောင်ရွက် လျက်ရှိသော်လည်း ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်နိုင်ခြင်းမရှိသေး၍ စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက် အသေးစိတ်လေ့ လာသုံးသပ်ပြီး ပြုပြင်ဆောင်ရွက်သွားသင့်ကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေပမာဏကျဆင်းနေခြင်း၊ ရငွေ၊ သုံးငွေ (ငွေသားစာရင်း) တွင် လိုငွေပြနေခြင်း နှင့် ကုန်သွယ်မှုအရှုံးအမြတ်စာရင်းတွင်လည်း အမြတ်ရရှိမှုပမာဏကျဆင်းလျက်ရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

Most Read

Most Recent