Ballon d'Or ဆုပေးပွဲ မတက်ရောက်ခဲ့သည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီကို မိုဒရစ် ဝေဖန်

Ballon d'Or ဆုပေးပွဲ မတက်ရောက်ခဲ့သည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီကို မိုဒရစ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 16 December 2018

ရီးယဲလ်မက်ဒရစ်အသင်း၏ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်က Ballon d'Or ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိသည့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ကို ပြစ်တင်ဝေဖန်ခဲ့သည်။

စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သည် Ballon d'Or ဆုကို ဆယ်စုနှစ်တစ်ခုကြာ လွှမ်းမိုးခဲ့ကြသူများဖြစ်ပြီး ယခုနှစ်အတွင်းကျင်းပသည့် အကောင်းဆုံးဆုပေးပွဲများကို လုံးဝတက်ရောက်ခဲ့ခြင်းမရှိ်ပေ။

မိုဒရစ်က ခရိုအေးရှားအားကစားသတင်းစာ Sportske Novosti နှင့်တွေ့ဆုံရာတွင် ဆုမရသည့်အတွက် ဆုပေးပွဲကို မတက်ခြင်းမှာ ဘောလုံးအပေါ် လေးစားမှုကင်းမဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။

မိုဒရစ်က '' ဆုပေးပွဲကို ဘယ်သူတော့တက်ပါဆိုပြီး ကျွန်တော့်မှာ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါက ကစားသမားတွေရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆုရမှတက်မယ်ဆိုတာမျိုးကတော့ သဘာဝမကျပါဘူး။ သူတို့က ဆုကိုပဲတန်ဖိုးထားတာလား။ ဆုမရလို့ ဆုပေးပွဲမတက်ဘူးဆိုတာက ဘဝတူဘောလုံးသမားတွေ၊ ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်း သူတို့ကိုမဲပေးခဲ့တဲ့လူတွေအပြင် ဘောလုံးနဲ့ပရိသတ်တွေကိုပါ အလေးမထားတာ၊ ဂရုမစိုက်တာလို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တစ်ခုထပ်ပြောချင်ပါတယ်။ လူတိုင်းကတော့ ကိုယ့်စိတ်ထင်တဲ့အတိုင်း လုပ်နေကြတာဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

မိုဒရစ်သည် ၂၀၁၈ ခုနှစ်အတွင်း အဓိကဆုများအားလုံးကို ရယူနိုင်ခဲ့သူဖြစ်ပြီး ယခုနှစ်တွင်လည်း ယင်းကဲ့သို့စွမ်းဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်းပြောကြားခဲ့သည်။

Most Read

Most Recent