မြန်မာနိုင်ငံအပေါ် ယုံကြည်မှုဆုံးရှုံးလာသည့် ဥရောပလုပ်ငန်းအရေအတွက် မြင့်တက်လာကြောင်း Euro Cham ၏ စစ်တမ်းက ဖော်ပြ

မြန်မာနိုင်ငံအပေါ် ယုံကြည်မှုဆုံးရှုံးလာသည့် ဥရောပလုပ်ငန်းအရေအတွက် မြင့်တက်လာကြောင်း Euro Cham ၏ စစ်တမ်းက ဖော်ပြ
ဒီဇင်ဘာ ၁၁ ရက်ကပြုလုပ်သည့် Euro Cham Myanmar မှ သုတေသနစာအုပ်မိတ်ဆက်ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဒီဇင်ဘာ ၁၁ ရက်ကပြုလုပ်သည့် Euro Cham Myanmar မှ သုတေသနစာအုပ်မိတ်ဆက်ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 14 December 2018

ယခင်စစ်အုပ်ချုပ်ရေးနှင့် နှိုင်းယှဉ်လျက် လက်ရှိဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရအဖွဲ့၏ စီးပွားရေးအား စီမံခန့်ခွဲပုံကို စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အကြား မြန်မာနိုင်ငံအပေါ် ယုံကြည်မှုဆုံးရှုံးလာသည့် ဥရောပလုပ်ငန်းအရေအတွက် မြင့်တက်လာကြောင်း Euro Cham ၏ မကြာ သေးမီက စစ်တမ်းတစ်ရပ်၌ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ဥရောပချိန်ဘာ (Euro Cham ) ၏ မကြာသေးမီက စစ်တမ်းတစ်ရပ်တွင် ကုမ္ပဏီအများစု (၈၁ ရာခိုင်နှုန်း) သည် မြန်မာနိုင်ငံ၏ လုပ်ငန်းဆိုင်ရာဝန်းကျင်၌ မပျော်မရွှင်ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။ ယင်းကို ၂၀၁၇ ခုနှစ်၌ ၇၆ ရာခိုင်နှုန်းနှင့် ၂၀၁၆ ခုနှစ်၌ ၆၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

လုပ်ငန်းဆိုင်ရာဝန်းကျင်သည် လွန်ခဲ့သည့် ၁၂ လအတွင်း ပိုမိုဆိုးရွားလာသည်ဟု ယုံကြည်သည့် ကုမ္ပဏီပေါင်းသည် ထက်ဝက်နီးပါး (၄၅ ရာခိုင်နှုန်း) အထိ မြင့်တက်လာရာ ၂၀၁၇ ခုနှစ် ရာခိုင်နှုန်း ၃၀ နှင့် ၂၀၁၆ ခုနှစ် ၁၈ ရာခိုင်နှုန်းတို့  ရှိခဲ့ရာမှ ခုန်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၎င်းတို့ လုပ်ငန်းများမှ အမြတ်ရရှိသည့် ကုမ္ပဏီပေါင်းသည် ၃၇ ရာခိုင်နှုန်းသာရှိသောကြောင့် ၂၀၁၇ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းနှင့် ၂၀၁၆ ခုနှစ်တွင်  ရာခိုင်နှုန်း ၅၀ အသီးသီးရှိခဲ့ရာမှ ကျဆင်းလာခြင်း ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ဆွဲဆောင်နိုင်ပုံမရသည့် မြန်မာနိုင်ငံ၏ စီးပွား ရေးဆိုင်ရာ အမျိုးသားရေးဝါဒသည် ၄၈ ရာခိုင်နှုန်းအပေါ် မကောင်းသောရိုက်ခတ်ချက်များရှိကြောင်း စစ်တမ်းကို ဖြေဆိုသူ ၄၈ ရာခိုင်နှုန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ဥရောပလုပ်ငန်းများက ယုံကြည်မှုကျဆင်းလာခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ပြသနေသည်။

EuroCham ၏ ဥပဒေအဖွဲ့ တွဲဖက်ဥက္ကဋ္ဌ နီရှန့်ချောင်ဒရီက ဘဏ်လုပ်ငန်းကဏ္ဍ၌ မကြာသေးမီက ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် လုပ်ငန်းဆိုင်ရာ ဝန်းကျင်အနေဖြင့် တိုးတက်ရန်များစွာလိုအပ်နေသေးကြောင်း သတိပေးခဲ့သည်။  စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်းအဆင့်တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၁ ၌ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဓိကတိုးတက်မှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဖော်ပြနေသည်။

“မကြာသေးခင်က စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေရှိပေမဲ့ အကောင်အထည်ဖော်မှုကတော့ ဥပဒေပြုမှုဆိုင်ရာ ရည်မှန်းချက်အပြည့်အဝဆုံးအဆင့်ကို မရောက်သေးပါဘူး။ ဥပဒေတွေကို ဝန်ကြီးဌာနတွေက ကွဲပြားခြားနားစွာ ကျင့်သုံးတတ်ကြပြီး တစ်သားတည်းဖြစ်မှု ချို့တဲ့ပါတယ်” ဟုလည်း ချောင်ဒရီက ပြောကြားခဲ့သည်။

ရခိုင်အရေးနှင့်ပတ်သက်၍ သူ၏ကိုင်တွယ်မှုအပေါ် နိုင်ငံတကာက ဝေဖန်မှုများ ရှိနေသော်လည်း လွန်ခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်ရန် နိုင်ငံခြားရင်နှီးမြှုပ်နှံသူများကို မေတ္တာရပ်ခံခဲ့သည်။

          Ref ; Asian Correspondent

Most Read

Most Recent