စီးပွားရေးလုပ်ငန်းများ၏ အခြေပစ္စည်းများ၊ စာရင်းဇယားများ၊ ရငွေ၊ သုံးငွေ၊ ပေးငွေမှတ်တမ်းများကို လက်ရှိအချိန်မှစ၍ စနစ်တကျထားရှိပါရန် စီမံ/ဘဏ္ဍာဝန်ကြီး မေတ္တာရပ်ခံ

စီးပွားရေးလုပ်ငန်းများ၏ အခြေပစ္စည်းများ၊ စာရင်းဇယားများ၊ ရငွေ၊ သုံးငွေ၊ ပေးငွေမှတ်တမ်းများကို လက်ရှိအချိန်မှစ၍ စနစ်တကျထားရှိပါရန် စီမံ/ဘဏ္ဍာဝန်ကြီး မေတ္တာရပ်ခံ
ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များတွေ့ဆုံမှု (၂၂) ကြိမ်မြောက် အခမ်းအနားကို တွေ့ရစဉ်
ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များတွေ့ဆုံမှု (၂၂) ကြိမ်မြောက် အခမ်းအနားကို တွေ့ရစဉ်
Published 14 December 2018

မိမိတို့စီးပွားရေးလုပ်ငန်းများ၏ အခြေပစ္စည်းများ၊ စာရင်းဇယားများ၊ ရငွေ၊ သုံးငွေ၊ ပေးငွေမှတ်တမ်းများကို လက်ရှိအချိန်မှ စတင်ပြီး စနစ်တကျ ထားရှိပါရန် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်းက ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံမှု (၂၂) ကြိမ်မြောက်အခမ်းအနားတွင် မေတ္တာရပ်ခံ ပြောကြားသည်။

“စီးပွားရေးလုပ်ငန်းရှင်များကို အထူးမေတ္တာရပ်ခံချင်တာက မိမိတို့ရဲ့ စာရင်းဇယားများ၊ ရငွေ၊ ပေးငွေ၊ သုံးငွေ မှတ်တမ်းများကို အခုအချိန်ကစပြီး စနစ်တကျထားရှိဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှု မှတ်တမ်း Performance ကို တိုင်းတာရာမှာ ဒီဟာတွေကို အထောက်အထားအများကြီးပြုရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိရဲ့ အခြေပစ္စည်းများစာရင်းကို စနစ်တကျထားဖို့ ၊ မိမိတို့ရဲ့ ပိုင်ဆိုင်မှုကို စနစ်တကျမှတ်တမ်းထားဖို့ ဒီနေ့အချိန်မှာ အရေးကြီးလာပြီဆိုတာ ကျွန်တော်တင်ပြချင်ပါတယ်။ ဒါကိုတင်ပြခြင်းအားဖြင့် သက်ဆိုင်ရာလုပ်ငန်းရှင်များက စာရင်းဇယားကို စနစ်တကျထားတယ်။ မှတ်တမ်းများကို စနစ်တကျထားတယ်ဆိုလို့ရှိရင် တစ်အချက်က ကျွန်တော်တို့ ဆောင်ရွက်တဲ့ဘက်ကနေ ငွေကြေးရရှိမှု ပြန်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ ဌာနဆိုင်ရာများအနေနဲ့ အကူအညီအများကြီးရတဲ့အပြင် နိုင်ငံခြားပုဂ္ဂိုလ်တွေက ဝင်ရောက်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အလွန်အထောက်အကူပြုမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် ချေးငွေရရှိနိုင်ကြောင်း စည်းမျဉ်းကို ပ့ံပိုးဆောင်ရွက်ပေးဖို့ ရှိတဲ့အခါမှာ မြန်မာ့စီးပွားရေးဘဏ်က ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်မှု၊ တည်ဆောက်မှု လုပ်ငန်းတွေကို ငွေထုတ်ပေးတယ်။ နှစ်ချင်း ဆပ်ငွေအတွက်ကို အတိုး ၁၁၊ သုံးနှစ်အထက်မပိုတဲ့ ချေးငွေတွေကို ၁၂ ဒသမ ၅ ရာ ခိုင်နှုန်း၊ နှစ်ရှည်ကြရင် အတိုး ၁၂ ဒသမ ၂၅ နှုန်းနဲ့ ထုတ်ချေးပေးနေတဲ့အပြင် မူဝါဒချေးငွေတွေကိုလည်း ထုတ်ချေးပေးနေပါတယ်။ ကျပ်သိန်း ၃၀၀၀ အထိကိုတော့ မြန်မာ့စီးပွားရေးဘဏ်က တာဝန်ရှိသူတွေ ဆုံးဖြတ်ပြီး ထုတ်ချေးပါတယ်။ သိန်း ၃၀၀၀ ကျော် သွားရင်တော့ ဝန်ကြီးဌာနကို တင်ပြပြီးတော့ ထုတ်ချေးပေးနေပါတယ်” ဟု ဦးစိုးဝင်းက ဆိုသည်။

ထို့ပြင် SME များ ဖွံ့ဖြိုးရေးအတွက် JICA နှင့်ပူးပေါင်းကာ နှစ်ဆင့်ချေးငွေများ ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ရယူနိုင်အောင် လုပ်ဆောင်ခြင်းများကိုလည်း ချေးငွေရရှိအောင် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ငွေချေးသူနှင့် ငွေထုတ်ချေးသူများ၏ သတင်းအချက်အလက်များကို စုဆောင်းထားပြီး ငွေချေးသူမည်သူသည် ချေးငွေဆိုင်ရာစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း၊ ချေးငွေပြန်ဆပ်မှု မှန်ကန်ခြင်း စသည့်အချက်အလက်များကို ဝန်ဆောင်မှုပေးမည့် Credit Bureau ကို အကောင်အထည်ဖော်ဆောင်နေပြီဖြစ်ပြီး Credit Bureau ၏ အဆင့် သတ်မှတ်ချက်အများဆုံး ရရှိထားသူသည် ချေးငွေထုတ်ချေးရာတွင် အာမခံချက်အပြည့်ဖြင့် လွယ်ကူမြန်ဆန်စွာ ချေးငွေထုတ်ချေးနိုင်မည် ဖြစ်သည်။      

Most Read

Most Recent