အမေရိကန် အောက်လွှတ်တော်၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းမရှိဘဲ ရက်ရွှေ့ဆိုင်း ခဲ့သည်ကိုသာ တွေ့ရကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန်

အမေရိကန် အောက်လွှတ်တော်၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းမရှိဘဲ ရက်ရွှေ့ဆိုင်း ခဲ့သည်ကိုသာ တွေ့ရကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန်
Published 13 December 2018
ကျော်ဇင်ဝင်း

အမေရိကန် အောက်လွှတ်တော်၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းမရှိဘဲ ရက်ရွှေ့ဆိုင်းခဲ့သည်ကိုသာ တွေ့ရကြောင်း  ဒီဇင်ဘာ ၁၂ ရက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်သော ဆုံးဖြတ်ချက် တစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က အတည်ပြုခဲ့ကြောင်း VOA သတင်းဌာန မြန်မာပိုင်း         အစီအစဉ်၏ ဒီဇင်ဘာ ၁၂ ရက်စွဲပါ အင်တာနက်စာမျက်နှာင်တွင် ဖော်ပြထားသည်ကို တွေ့ရကြောင်း၊  အမေရိကန် အောက်လွှတ်တော်က အတည်ပြုခဲ့သည်ဆိုသည့် အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စုံစမ်းစိစစ်ခဲ့ရာ ဒီဇင်ဘာ ၁၁ ရက်က အမေရိကန် အောက်လွှတ်တော်၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်း မရှိဘဲ ရက်ရွှေ့ဆိုင်း ခဲ့သည်ကိုသာ တွေ့ရှိကြောင်း ဖော်ပြထားသည်။

သို့ရာတွင် မြန်မာနိုင်ငံအပေါ် သဘောထားတင်းမာသော အောက်လွှတ်တော် အမတ်အချို့၏ ဦးဆောင်မှုဖြင့် ယင်းဆုံးဖြတ်ချက် (မူကြမ်း)ကို နှစ်သစ်ကူးရုံးပိတ်ရက်ရှည် မတိုင်မီ အောက်လွှတ်တော်အတွင်း အမြန်ဆုံး အရေးယူဆုံးဖြတ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းမှုများ ရှိကြောင်းကို သိရှိထားပြီး ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်ပြည်နယ်ကိစ္စ ဖြေရှင်းရေးတို့ကို နိုင်ငံတော် အစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံးနှင့် ပြည်ပရောက် မြန်မာနွယ်ဖွားများမှ ကြိုးပမ်းအားထုတ် နေသည့်အချိန်တွင် ယခုကဲ့သို့သော သတင်းရေးသား ထုတ်ဝေမှုများသည် အပြုသဘော မဆောင်သော သတင်းအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း မြန်မာသံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော မြန်မာနိုင်ငံအပေါ် အကောင်းမြင်သည့် အသိတရားနှင့် ဉာဏ်ပညာရှိကြသော မြန်မာပြည်သူများ၊ အကောင်းမြင်စိတ် ရှိကြသူများ အနေဖြင့် အထက်တွက်ဖော်ပြခဲ့သည့် သတင်းထုတ်ဝေမှုများကို မိမိတို့၏ အသိဉာဏ်နှင့် ဆင်ခြင်တုံတရားကို အခြေခံ၍ ဝေဖန်သုံးသပ်ကြရန် မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းချက် ထည့်သွင်းထားသည်။

အမေရိကန် အောက်လွှတ်တော်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆုံးဖြတ်ရန် စီစဉ်နေသည့် အကြောင်းအရာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လွန်ခဲ့သည့်နှစ်က ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို မြန်မာ့လုံခြုံရေးတပ်များက တုံ့ပြန်သည့် နယ်မြေရှင်းလင်းရေး ကာလအတွင်း ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီများ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်း) အပေါ် ရက်စက်သည့် ကျူးလွန်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံထိန်းသိမ်းခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ဦးအား ချက်ချင်းပြန်လွှတ်ပေးရေး ကိစ္စရပ်တို့ ဖြစ်သည်ဟု VOA သတင်းဌာန၏ ဖော်ပြထားမှုအရ သိရသည်။

အထက်ပါ အကြောင်းအရာနှစ်ခုနှင့် ပတ်သက်၍ VOA သတင်းဌာန၏ နောက်ဆုံးဖော်ပြထားသည့် သတင်းတစ်ပုဒ်တွင် အမေရိကန် အောက်လွှတ်တော်က ဆုံးဖြတ်ချက် အမှတ် (၁၀၉၁) ကို ဒီဇင်ဘာ ၁၁ ရက်က အသံနှင့် မဲခွဲသဘောတူခဲ့ကြောင်း၊ သို့သော် အထူးမှတ်တမ်းတင်သည့် မဲခွဲဆုံးဖြတ်မှုအား ရက်ရွှေ့ဆိုင်းခဲ့ကြောင်း၊ ထိုသို့အသံနှင့် မဲခွဲသဘောတူခဲ့သော်လည်း မှတ်တမ်းတင ်မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခြင်းသည် ဆုံးဖြတ်ချက်ကို ပိုမိုလေးနက် စေလိုသည့်အတွက် ဖြစ်ကြောင်း နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ရီပတ်ပလီကန် အောက်လွှတ်တော်အမတ် EdRoyce က ပြောကြားကြောင်း ဖော်ပြထားသည်။

 

Most Read

Most Recent