မြန်မာနိုင်ငံတွင် နှစ်စဉ် ဆန်စပါးစိုက်ဧက ၁၇ ဒသမ ၉ သန်းခန့် စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တန် ၂၅ ဒသမ ၆ သန်းခန့် ထွက်ရှိကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံတွင် နှစ်စဉ် ဆန်စပါးစိုက်ဧက ၁၇ ဒသမ ၉ သန်းခန့် စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တန် ၂၅ ဒသမ ၆ သန်းခန့် ထွက်ရှိကြောင်း ထုတ်ပြန်
Published 11 December 2018
နီလာ

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်စပါးစိုက် ဧက ၁၇ ဒသမ ၉ သန်းခန့် စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တန် ၂၅ ဒသမ ၆ သန်းခန့်ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ဆန်စပါး စိုက်ဧကနှင့် အထွက်နှုန်းထွက်ရှိမှုအခြေအ နေကို လေ့လာကြည့်ပါက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၉ သန်း ကျော်စိုက်ပျိုးပြီး ရိတ်သိမ်းဧကအနေဖြင့် ၁၇ ဒသမ ၁သန်းကျော်ရှိကာ အထွက်နှုန်းမှာမူ တန်၂၆ ဒသမ ၃ သန်းကျော်အထိရှိကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၇ သန်းကျော်စိုက်ပျိုးပြီး ရိတ်သိမ်းဧကအနေဖြင့် ၁၆ ဒသမ ၉ သန်းကျော်ရှိကာ အထွက်နှုန်းမှာမူ တန်၂၆ ဒသမ ၄ သန်းကျော် အထိရှိသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၈ သန်းကျော်စိုက်ပျိုးပြီး ရိတ်သိမ်းဧကအနေဖြင့် ၁၆ ဒသမ ၇ သန်း ကျော်ရှိကာ အထွက်နှုန်းမှာမူ တန်၂၆ ဒသမ ၂ သန်းကျော်ထွက်ရှိကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၆ သန်းကျော်စိုက်ပျိုးပြီး ရိတ်သိမ်း ဧကအနေဖြင့် ၁၆ ဒသမ ၆ သန်းကျော်ရှိကာ အထွက်နှုန်းမှာမူ တန်၂၅ ဒသမ ၆ သန်းကျော် အထိ ထွက်ရှိကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၉ သန်း ကျော်စိုက်ပျိုးပြီး ရိတ်သိမ်းဧကအနေဖြင့် ၁၆ ဒသမ ၆ သန်း ကျော်ရှိကာ အထွက်နှုန်းမှာမူ တန်၂၅ ဒသမ ၆ သန်းကျော်ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါးရေပေး ရာသီအတွက် သိုလှောင်ရေဧကပေပေါင်း ၁၂ ဒသမ ၁၁ သန်းခန့် သိုလှောင်ထားပြီး ယခင်နှစ် နွေစပါး စိုက်ဧကများထက် ပိုမိုတိုးချဲ့ စိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ၊ ဆည်၊ ကန်၊ ရေတံခါး၊ မြစ်ရေတင်လုပ်ငန်းများ၏ ဆည်ရေသောက် စနစ်များတွင် ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါး ရာသီ၌ နွေစပါး ရေပေးဝေစိုက်ပျိုးမည့်ဧကများ လျာထားသတ်မှတ်ပြီးနောက် လျာထားသော နွေစပါးစိုက်ဧကများပြည့်မီပြီးအောင် မြင်ဖြစ်ထွန်းသည်အထိ ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေပေးဝေနိုင်ရေး ရည်ရွယ်တည် ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံများတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ခန့်၌ သိုလှောင်ရေဧကပေပေါင်း ၁၂ ဒသမ ၁၁ သန်းခန့် သိုလှောင်ထားနိုင်သဖြင့် အဆိုပါရေ သိုလှောင်ထားနိုင်မှုအခြေအနေအပေါ် မူတည်၍ယခင်နှစ် နွေစပါးစိုက်ဧကများထက် ပိုမိုတိုးချဲ့ပြီး ရေပေးဝေစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

နွေစပါးသီးနှံအပါအဝင် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ရေး၊ သီးနှံမျိုးစေ့နှင့် စိုက်ပျိုးရေးနည်းပညာအကူအညီများ ရယူလိုပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။                            

Most Read

Most Recent