UEFA ၏အကောင်းဆုံးအသင်းရွေးချယ်ရန် ဆန်ခါတင်(၅၀)ဦးစာရင်း ထွက်ပေါ်

UEFA ၏အကောင်းဆုံးအသင်းရွေးချယ်ရန် ဆန်ခါတင်(၅၀)ဦးစာရင်း ထွက်ပေါ်
Photo : UEFA
Photo : UEFA
Published 11 December 2018

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအ သင်းရွေးချယ်ရန် ဆန်ခါတင်ကစားသမား (၅၀) ဦးစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ ရာ ရီးယဲလ်အသင်းမှ ကစားသမား(၉)ဦးပါ ဝင်ပြီး အများဆုံးအဖြစ် ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။

UEFA ၏ ဆန်ခါတင်(၅၀)ဦးစာရင်း တွင် ဂိုးသမား(၅)ဦး၊ နောက်ခံလူ (၁၅)ဦး၊ ကွင်းလယ်ကစားသမား(၁၅)ဦးနှင့် တိုက်စစ်မှူး (၁၅)ဦးပါဝင်ခဲ့ပြီး ပရိသတ်များ၏ ဆန္ဒမဲ ကိုရယူကာ အကောင်းဆုံးအသင်း(၁၁)ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ပရိသတ်များသည် UEFA ဝက်ဘ်ဆိုက်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့အထိ ဝင်ရောက်မဲပေးခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ 

ယခုထုတ်ပြန်လိုက်သည့် ဆန်ခါတင်စာရင်းတွင် နိုင်ငံပေါင်း(၂၀)၊ က လပ်အသင်းပေါင်း(၁၄)သင်းမှ ကစားသမား များ ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို (၃)နှစ် ဆက်ရယူခဲ့သည့် ရီးယဲလ်အသင်းမှ ကစားသ မားအများဆုံး ပါဝင်ခဲ့သလို၊ လိဂ်အလိုက်တွင် လည်း လာလီဂါမှ ကစားသမား(၂၂)ဦးဖြင့် ဦးဆောင်ခဲ့သည်။ နိုင်ငံလက်ရွေးစင်အသင်း အနေဖြင့်မူ ပြင်သစ်ကစားသမားများက (၁၀) ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။ 

ယခုဆန်ခါတင် စာရင်းတွင် ပါဝင်သူများအနက် အသက်အ ကြီးဆုံးကစားသမားမှာ (၃၄)နှစ်ရှိပြီဖြစ်သည့် ဂျူဗင်တပ်စ်နောက်ခံလူ ချီလီနီဖြစ်ပြီး အသက်အငယ်ဆုံးကစားသမားမှာ (၁၉)နှစ်သာ ရှိသေးသည့် PSG တိုက်စစ်မှူး ဘာပေဖြစ် ကြောင်းလည်း သိရှိရသည်။

ဆန်ခါတင် (၅၀)ဦးစာရင်း

ဂိုး - အယ်လစ်ဆန်(လီဗာပူးလ်)၊ လိုရစ်(စပါး)၊ နာဗတ်စ်(ရီးယဲလ်)၊ အိုဘလက်ခ်(အက်သလက်တီကို)၊ စတီဂန် (ဘာစီလိုနာ)

နောက် - အယ်လ်ဘာ၊ ပီကေး၊ အမ်တီတီ(ဘာစီလိုနာ)၊ ချီလီနီ(ဂျူဗင်တပ်စ်)၊ ဟီမင်နက်ဇ်၊ ဂိုဒင်၊ လူးကပ်စ်ဟာနန်ဒက်ဇ်(အက်သလက်တီကို)၊ ကင်မစ်ချ်(ဘိုင်ယန်မြူးနစ်)၊ ကူလီဘလီ(နာပိုလီ)၊ မာနိုလက်စ်(ရိုးမား)၊ မာဆယ်လို၊ ရာမို့စ်၊ ဗာရန်း(ရီးယဲလ်)၊ စတုန်းစ်(မန်စီးတီး)၊ ဗန်ဒိုက်(လီဗာပူးလ်)

လယ် - ကက်စမဲရိုး၊ အစ္စကို၊ တိုနီကရို့စ်၊ မိုဒရစ်(ရီးယဲလ်)၊ ဒီဘရိုင်းနား၊ ဒေးဗစ်ဆေးလ်ဗား(မန်စီးတီး)၊ ဟာဇက်၊ ကွန်တေ(ချယ်လ်ဆီး)၊ မီလ်နာ(လီဗာပူးလ်)၊ ဆာအူလ်(အက်သလက်တီကို)၊ ပါယက်၊ သာအူဗင်(မာဆေးလ်)၊ ပယာနစ်(ဂျူဗင်တပ်စ်)၊ ပေါ့ဘာ(မန်ယူ)၊ ရာကီတစ်(ဘာစီလိုနာ)

ရှေ့ - ဂါရတ်ဘေးလ်(ရီးယဲလ်)၊ ကာဗာနီ၊ ဘာပေ၊ နေမာ(PSG)၊ ဒီဘားလား(ဂျူဗင်တပ်စ်)၊ ဂျက်ကို(ရိုးမား)၊ ဖေမီနို၊ မာနေ၊ ဆာလာ(လီဗာပူးလ်)၊ ဂရီးဇ်မန်း(အက်သလက်တီကို)၊ ဟာရီကိန်း(စပါး)၊ လီဝန်ဒေါစကီး (ဘိုင် ယန်မြူးနစ်)၊ မက်ဆီ၊ ဆွာရက်ဇ်(ဘာစီလိုနာ)၊ စီရော်နယ်လ်ဒို(ဂျူဗင်တပ်စ်)

Most Read

Most Recent