ယခုရာသီချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးအသင်းမှာ ဘာစီလိုနာဖြစ်သည်ဟု အယ်လီဂရီပြောကြား

ယခုရာသီချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးအသင်းမှာ ဘာစီလိုနာဖြစ်သည်ဟု အယ်လီဂရီပြောကြား
Photo: Getty Images
Photo: Getty Images
Published 27 November 2018





ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ယခုရာသီတွင် ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန်ရေပန်းစားဆုံးအသင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဗလင်စီယာအသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲကြိုသတင်းစားရှင်းလင်းပွဲတွင် အယ်လီဂရီက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ချန်ပီယံဆုနှင့်ပတ်သက်ပြီး ၄င်း၏ထင်မြင်ချက်ကို ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အယ်လီဂရီက '' လက်ရှိခြေစွမ်းကိုကြည့်ပြီးတော့ လက်ရှိအချိန်မှာ အသင်းတွေကို အများကြီး အကဲဖြတ်လို့မရသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ်အသင်း ဗိုလ်စွဲဖို့ရေပန်းအစားဆုံးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်မမှားခဲ့ပါဘူး။ ဒီရာသီ ချန်ပီယံလိဂ်မှာတော့ ဘာစီလိုနာအသင်းက ရေပန်းအစားဆုံးလို့ ကျွန်တော်ထင်ပါတယ်။ သူတို့နောက်မှာ ဗိုလ်စွဲနိုင်တဲ့ အသင်း (၂)သင်း၊ (၃)သင်းလောက်လည်းရှိနေပါသေးတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင် အယ်လီဂရီက ချန်ပီယံလိဂ် (၅) လုံးအထိရယူထားသည့် စီရော်နယ်လ်ဒို ရောက်ရှိလာသည့်အတွက် ၄င်းတို့မှာလည်း ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မျှော်လင့်ချက်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

၄င်းက '' ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကြိမ်များစွာ ဗိုလ်စွဲခဲ့ဖူးတဲ့ စီရော်နယ်လ်ဒိုရောက်ရှိလာတာကြောင့် ကျွန်တော်တို့မှာလည်း ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့အနေဖြင့် တစ်ဆင့်ချင်းသွားမှာဖြစ်ပြီး ရလဒ်ကောင်းဖို့အတွက်အကောင်းဆုံးကြိုးစားသွားမှာပါ။ ဗလင်စီယာနဲ့ ကစားမယ့်ပွဲမှာတော့ မန်ယူနဲ့ ပွဲကလို လုပ်လို့မဖြစ်ပါဘူး'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent