ဘိုင်ယန်မြူးနစ် နှင့် ဒစ်ဆယ်ဒေါ့ဖ် (စနေည ၉းဝ၀ နာရီ)
ဒစ်ဆယ်ဒေါ့ဖ်အသင်းက ရှုံးပွဲဆက်နေရာကနေ နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရခဲ့တယ်။ ဒါပေမဲ့ မြူးနစ်ကွင်းမှာ အိမ်ရှင်ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားအင်အားမျိုးတော့မရှိပါဘူး။ ဘိုင်ယန် အနိမ့်ဆုံး(၃)ဂိုးပြတ်လောက်သွားလိမ့်မယ်။
ဟာသာဘာလင် နှင့် ဟော်ဖန်ဟင်မ် (စနေည ၉းဝ၀ နာရီ)
ဟာသာဘာလင်အသင်းက ဘွန်ဒစ်လီဂါ(၅)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ဟော်ဖန်ဟင်မ်ကတော့ (၄)ပွဲဆက်အနိုင်ကစားခဲ့တယ်။ ဘာလင်မြေမှာတော့ အိမ်ရှင် အမှတ်ရသင့်တယ်။
အော့စ်ဘတ် နှင့် ဖရန့်ဖတ် (စနေည ၉းဝ၀ နာရီ)
ဖရန့်ဖတ်အသင်းရဲ့ဖြတ်သန်းမှုတွေက အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမဲ့ အော့စ်ဘတ် အိမ်ကွင်းမာလို့ ဖရန့်ဖတ်အသင်း နိုင်ပွဲရပ်တန့်ဖို့ရှိတယ်။
မိန့်ဇ် နှင့် ဒေါ့မွန် (စနေည ၉းဝ၀ နာရီ)
မိန့်ဇ်အသင်းက (၂)ပွဲဆက်နိုင်ပြီး အမှတ်ပေးဇယားအလယ်နားကို တက်လှမ်းလာခဲ့တယ်။ မိန့်ဇ်ရဲ့ပွဲထွက်ကစားသမားတွေထဲမှာ နိုင်ငံတကာပွဲကစားရသူနည်းလို့ ဒေါ့မွန်အသင်းက အမာခံတွေလောက် ပွဲပန်းမှုရှိမနေနိုင်တာက အခုပွဲကို သက်ရောက်မှုကြီးမားနိုင်တယ်။ မိန့်ဇ်ကွင်းတွေ့ဆုံမှုတွေမှာတော့ ဒေါ့မွန်အသင်းက သိသိသာသာအသာရထားပြီး နောက်ဆုံး(၈)ပွဲမှာ (၆)ပွဲအထိ အနိုင်ကစားခဲ့တာတွေ့ရတယ်။ ဒေါ့မွန်အသင်းမှာ ဘိုင်ယန်နဲ့ပွဲတုန်းက ဂေါ့ဇီကို False 9 ပုံစံမျိုးကစားခိုင်းတာထက် အယ်လ်ကာဆာကိုပဲ အထောင်တိုက်စစ်မှူးအဖြစ် ပြန်သုံးလာနိုင်ခြေများတယ်။ အဝေးကွင်းမှာ ဒေါ့မွန်ဂိုးပြတ်အနိုင်ရဖို့မရှိလို့ မိန့်ဇ်ကိုပဲ ရွေးချယ်ချင်တယ်။
ဝုလ်ဖ်ဘတ် နှင့် လိုက်ပ်ဇစ် (စနေည ၉းဝ၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ရာသီအဖွင့်ပွဲ အနိုင်ကစားပြီးနောက် အိမ်ကွင်း(၅)ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့တယ်။ ဒါပေမဲ့ လိုက်ပ်ဇစ် ဥရောပပွဲရှိနေလို့ ဝုလ်ဖ်ဘတ်နဲ့ပဲ စွန့်စားချင်တယ်။
ရှော်လ်ကေး နှင့် နုရင်ဘတ် (စနေည ၁၂းဝ၀ နာရီ)
ရှော်လ်ကေးအနေနဲ့ ချန်ပီယံလိဂ်ကစားရဖို့ရှိပေမယ့် ဘွန်ဒစ်လီဂါမှာ အမှတ်လိုနေတာ သတိပြုရမယ်။ ရှော်လ်ကေး ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။