ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက UEFA Nations League ပြိုင်ပွဲ League A မှ တန်းဆင်းခဲ့ရပြီးနောက် အသင်းတွင် လူငယ်တွေကို ပိုမိုနေရာပေးသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်ကကစားခဲ့သော League A ၏ Group A တွင် နယ်သာလန်နှင့် ပြင်သစ်ပွဲစဉ်တွင် နယ်သာလန်အသင်းက (၂-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် ဂျာမနီအသင်းမှာ လက်ကျန်တစ်ပွဲအလိုတွင်
League B သို့တန်းဆင်းရရန် သေချာနေခြင်းဖြစ်သည်။
'' ကျွန်တော်တို့အတွက် ဒီရလဒ်ဟာ အမှန်တကယ်ပဲနာကျင်ရပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ'' ဟု ယော်ကင်လိုးက တန်းဆင်းခဲ့ရမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ရုရှားနှင့်ခြေစမ်းပွဲအပြီးတွင် အသင်း၌ လူငယ်ကစားသမားများကို ပိုမိုနေရာပေးသွားမည်ဟုလည်း ဖွင့်ဟခဲ့သည်။
ယော်ကင်လိုးက '' ကျွန်တော်တို့အတွက် ယူရို-၂၀၂၀ မျှော်လင့်ချက်ရှိနေသေးတယ်။ အသင်းအနေနဲ့ ခြေစစ်ပွဲအောင်ပြီး တောင့်တင်းသန်မာတဲ့ အသင်းတစ်သင်းကို ထပ်မံစေလွှတ်နိုင်ဖို့ အလိုရှိပါတယ်။ ကျွန်တော်တို့အသင်းမှာ လူငယ်တွေရဲ့အခန်းကဏ္ဍကို မြှင့်တင်သွားမှာပါ။ သူတို့နဲ့အတူ အသင်းကို ပေါင်းစပ်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်'' ဟု မှတ်ချက်ပြုခဲ့သည်။
ဂျာမနီအသင်းသည် ယခုနှစ်အတွင်းကစားခဲ့သည့် နိုင်ငံတကာပွဲ ၁၂ ပွဲတွင် ၄ ပွဲသာအနိုင်ရခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတွင်လည်း ၁၉၃၈ ပြိုင်ပွဲ ပထမဆုံးအဆင့်အဖြစ် အုပ်စုအဆင့်မှထွက်ခဲ့ရသည်။