မကွေးတိုင်း မြို့သစ်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

မကွေးတိုင်း မြို့သစ်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား
Published 16 November 2018
သက်ပိုင်

မကွေးတိုင်း မြို့သစ်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှတစ်ဆင့် ယောက်ျားဖြစ်သူက မိန်းမအပါအဝင် ယောက္ခမနှင့် ယောက္ခထီးကိုပါ ဓားဖြင့်ခုတ်သတ်ခဲ့သဖြင့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မြို့သစ်မြို့နယ် ပေကုန်းကျေးရွာနေ အေးလင်းနှင့် ၎င်း၏ဇနီးဖြစ်သူ မမိုးမိုးတို့ စကားများရန်ဖြစ်နေစဉ် မမိုးမိုး၏ အမေနှင့် အဖေက ဝင်ရောက်တားမြစ်ရာ အေးလင်းက မိန်းမဖြစ်သူအား ဓားဖြင့်ခုတ်ခဲ့သဖြင့် မမိုးမိုးမှာ လည်ပင်းပြတ်လုနီးပါး ဒဏ်ရာရကာ သေဆုံးခဲ့ပြီး ဆက်လက်၍ အေးလင်းက မမိုးမိုး၏အဖေနှင့်အမေကိုပါ ဓားဖြင့် ခုတ်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

“ဖြစ်သွားတာက ၁၃ ရက် ည ၁၁ နာရီ ကျော်လောက်ကပါ။ ယောက်ျားဖြစ်တဲ့သူက အရက်မူးနေတာပါ။ လင်မယားချင်း စကားများနေရာကနေ လက်ထဲမှာကိုင်ထားတဲ့ ဓားနဲ့ မိန်းမကို ခုတ်လိုက်တာ။ နောက်ပြီး ရန်ဖြစ်တာကို လာတားတဲ့ မိန်းမရဲ့အဖေနဲ့  အမေကိုပါ ခုတ်သတ်လိုက်တာပါ။ ဒီဖြစ်စဉ် နဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု မြို့သစ်မြို့နယ် ဒန့်ဒလွန်ပင် နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အပိုင် နယ်မြေရဲစခန်းဖြစ်သည့် ဒန့်ဒလွန်ပင်နယ် မြေရဲစခန်းမှ ကျူးလွန်သူ အေးလင်းအား ရာဇသတ်ကြီးပုဒ်မှ ၃၀၂ ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent