အက်စ်ပန်ညိုအသင်းကြောင့် ဘာစီလိုနာကိုကိုင်တွယ်ရန်မဖြစ်နိုင်ကြောင်း ပိုချက်တီနို ဝန်ခံ

အက်စ်ပန်ညိုအသင်းကြောင့် ဘာစီလိုနာကိုကိုင်တွယ်ရန်မဖြစ်နိုင်ကြောင်း ပိုချက်တီနို ဝန်ခံ
Published 3 October 2018

 

စပါးအသင်းနည်းပြ ပိုချက်တီနိုက မိမိအနေဖြင့် ဘာစီလိုနာအသင်းကို ကိုင်တွယ်ရန်မှာ အသင်းဟောင်း အက်စ်ပန်ညိုကြောင့် ဖြစ်နိုင်ခြေမရှိဟု ဝန်ခံပြောကြားခဲ့သည်။

အနာဂတ်ကာလတွင် ပိုချက်တီနိုအား နည်းပြအဖြစ်ခန့်အပ်ရန် ဘာစီလိုနာအသင်းတာဝန်ရှိသူများက ပစ်မှတ်ထားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေရာ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုသည် ဘာစီလိုနာအသင်း၏ မြို့ခံပြိုင်ဘက်ဖြစ်သော အက်စ်ပန်ညိုအသင်းတွင် ၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိလည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိလည်းကောင်း ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ နည်းပြအဖြစ် (၃)နှစ်ကြာကိုင်တွယ်ခဲ့သည်။

ထို့နောက် ၂၀၁၃ ခုနှစ်တွင် ဆောက်သမ်တန်အသင်းသို့ ရောက်ရှိလာပြီး ၂၀၁၄ ခုနှစ်တွင် စပါးအသင်းသို့ ရောက်ရှိလာသူဖြစ်သည်။

Most Read

Most Recent