■မိမိတို့နိုင်ငံရှိ နိုင်ငံတော်ပိုင်ဆိပ်ကမ်းများကို အဆင့်မြှင့်တင့်နိုင်ရန်အတွက် လုပ်ငန်းပူးပေါင်း ဆောင်ရွက်၍ရသည်များကို တာဝန်ရှိသူများက ဆက်လက် ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မွမ်ဘိုင်းမြို့ရှိ ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့သည်။
အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့(ဇွန် ၂ ရက်) မွန်းလွဲပိုင်းတွင် မွမ်ဘိုင်းမြို့ရှိ ဂျဝါဟာလာနေရူးဆိပ်ကမ်း(Jawaharlal Nehru Port)သို့ သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။
ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ Mr. Gaurav Dayal Tas နှင့် ဆိပ်ကမ်းမှတာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဆိပ်ကမ်းအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဆိပ်ကမ်းမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆိပ်ကမ်းဆိုင်ရာ သမိုင်းကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှနှင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိန္ဒိယနိုင်ငံ၏ အဓိကအကျဆုံး ဆိပ်ကမ်းတစ်ခုဖြစ်မှု အခြေအနေများ၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများ အသုံးပြုလျှက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် လယ်ရေကြောင်း ကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများကို ဆောင်ရွက်သွား နိုင်မှု၊ ဆိပ်ကမ်းကို အသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှု၊ ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေရေး၊ အခြေခံအဆောက်အဦးပိုင်းဆိုင်ရာများ တိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့မှု၊ ရိုးရိုးရှင်းရှင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ Green Port အဖြစ် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆိပ်ကမ်းမှ PPP မော်ဒယ်ဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိမှု၊ ဆိပ်ကမ်းနှင့်ပတ်သက်သည့် သင်တန်းများအား မျှဝေ သင်ကြားပေးနိုင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုနှင့် အသစ်ထပ်မံ တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည့် Vadhavan ဆိပ်ကမ်းစီမံကိန်း မှတ်တမ်းဗီဒီယိုအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ယခု ဆိပ်ကမ်းသို့ လာရောက်လေ့လာခဲ့ခြင်းသည် မိမိတို့နိုင်ငံ၌ ဆိပ်ကမ်းတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုဆိပ်ကမ်းသည် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသဖြင့် လာရောက်လေ့လာခြင်း ဖြစ်ကြောင်း၊ ရှင်းလင်းပြသမှုများအရ ကမ္ဘာ့အဆင့် (၂၃)ရှိပြီး အိန္ဒိယနိုင်ငံတွင် အဆင့် (၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးဖြစ်ပြီး PPP စနစ်ကို ကျင့်သုံးနေသည်ကို သိရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း နှစ်ခုရှိပြီး သီသဝါဆိပ်ကမ်းသည် အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် ဆိပ်ကမ်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံတော်ပိုင် ဆိပ်ကမ်းများကို အဆင့်မြှင့်တင့်နိုင်ရန်အတွက်ယခုဆိပ်ကမ်းသို့လာရောက် လေ့လာခဲ့ခြင်းဖြစ် ကြောင်း၊ မိမိတို့ နိုင်ငံနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်၍ရသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှင်းလင်း ပြောကြားမှုများအရ ဆိပ်ကမ်း၏ စွမ်းဆောင် ရည်များ မြင့်မားသည်ကိုတွေ့ရပြီး Green Area နှင့် Green Energy များ ဆောင်ရွက်ထားမှုကိုလည်း လေ့လာတွေ့ရှိရကြောင်း၊ မိမိလာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ အကြားကုန်သွယ်မှု အခန်းကဏ္ဍ ပိုမိုတိုးတက်လာစေရေးအတွက် မိမိတို့ နိုင်ငံ၏ဆိပ်ကမ်းများကို အဆင့်မြှင့် တင်ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း၊ ဆိပ်ကမ်းပညာနှင့်ပတ်သက်၍ သင်တန်းများ သင်ကြားပေးမည်ဆိုပါက မိမိတို့နိုင်ငံမှ သင်တန်းသားများကို စေလွှတ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဂျဝါဟာလာ့နေရူးဆိပ်ကမ်း ဆိပ်ကမ်းအာဏာပိုင် ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် အာဏာပိုင် ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဂျဝါဟာလာနေရူး ဆိပ်ကမ်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်သမ္မတ က သိရှိလိုသည်များ မေးမြန်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဂျဝါဟာလာနေရူးဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၊ မဟာရာ၍ထရာ ယူရန်ဒေသတွင်တည်ရှိကြောင်း၊ ပြည်နယ်၊ မွန်ဘိုင်းမြို့၏ တောင်ဘက်၊ ယူရန်ဒေသတွင်တည် ဆိပ်ကမ်း၏ကုန်သွယ် နိုင်မှုမှာ ကမ္ဘာ့အဆင့် (၂၃)တွင်ရှိပြီး အိန္ဒိယနိုင်ငံရှိ အဓိကျသည့် ဆိပ်ကမ်း (၁၂)ခုအနက် အဆင့် (၁)ရှိသည့် အဆင့်မီ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်ကာ အိန္ဒိတစ်နိုင်ငံလုံး၏ ကွန်တိန်နာ သယ်ပို့မှု ၅၀ ရာခိုင်နှုန်းကို ယခုဆိပ်ကမ်းမှ သယ်ယူပို့ဆောင်ခြင်းဖြစ်ကြောင်း၊ ယခု ဆိပ်ကမ်းကြီးသည့် အိန္ဒိယ်နိုင်ငံ၏ ကုန်သွယ်မှုကို အကောင်အထည့်ဖော်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါ ပါဝင်လျက်ရှိပြီး အရှေ့တောင်အာရှဒေသနှင့် အဓိက ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ဆိပ်ကမ်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။















