■ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဆိုပြုတင်ပြလျှောက်ထားနိုင်

■ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဆိုပြုတင်ပြလျှောက်ထားနိုင်
Published 6 May 2026

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဆိုပြုတင်ပြလျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် ပုံမှန်စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီအသစ်များ (ယခင်ခွင့်ပြုထားပြီးသော ကုမ္ပဏီများမပါ) အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း ရယူပြီး (၁) Hard Copy (၂) Soft Copy (Word file) များဖြင့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဆိုပြုတင်ပြ လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent