ရွှေလိပ်ပြာဟိုတယ်ကို ခရိုင်ဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် သက်ဆိုင်ရာဌာပေါင်းစုံက ဝင်ရောက်စစ်ဆေး ခဲ့ပြီး မဟုတ်မမှန်စွပ်စွဲပြောဆိုသူများကို အရေးယူရန်စီစဉ်နေဟု ရွှေလိပ်ပြာဟိုတယ်က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာအချို့တွင် ရွှေလိပ်ပြာဟိုတယ်တွင် ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေဆိုသည့် သတင်းမှာ ပျံ့နှံ့လာခဲ့ပြီးနောက် ဟိုတယ်ဘက်မှ ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။
ရွှေလိပ်ပြာ ဟိုတယ်ကို ပျက်စီးစေလိုသူများမှ သတင်းအမှားများဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် ခရိုင်ဦးစီးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းပေါင်းစုံမှ ဝင်ရောက်စစ်ဆေး ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ ဟိုတယ်အား မဟုတ်မမှန် စွပ်စွဲပြောဆိုသူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရွှေလိပ်ပြာဟိုတယ် အထွေထွေမန်နေဂျာက ထုတ်ပြန်ထားသည်။
ရွှေလိပ်ပြာဟိုတယ်အနေဖြင့် ၁၉၉၆ ခုနှစ်မှ စတင်ကာဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်အထိ ဟိုတယ်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း၊ ဧည့်သည်များအနေဖြင့် စိတ်အေးချမ်းသာစွာဖြင့် လာရောက်တည်းခိုနိုင်ကြောင်း ဟိုတယ်ဘက်က ထုတ်ပြန်ထားသည်။















