ပုသိမ်ကြီးမြို့နယ်တွင်ကပြသည့် စမ်းရေမိုးဇာတ်ပွဲလေးညမြောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်နားခဲ့ရသဖြင့် အစားထိုးပြန်ကပေးမည်ဖြစ်ကြောင်း ဇာတ်ပွဲကန်ထရိုက်ထံမှ သတင်းရရှိသည်။
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ၊ ရန်ကင်းတောင်ကျေးရွာတွင် စမ်းရေမိုးဇာတ်ပွဲကို ဧပြီလ ၂၃ရက်မှ ၂ရရက်နေ့ထိ ငါးရက်တိုင်တိုင်ကပြဖျော်ပြလျက်ရှိရာ လေးညမြောက်ဖြစ်သည့် ၂၆ရက်ည၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပွဲပြီးဆုံးသည်ထိမကပြနိုင်ဘဲ ရပ်နားခဲ့ရခြင်းဖြစ်သည်။
ထိုသို့ပွဲပြီးဆုံးသည်ထိ မဖျော်ဖြေခဲ့ရသည့်အတွက် ယင်းနေ့ညကြည့်ရှုခဲ့သူများအတွက် ပ ဉ္စမည(၂ရရက်)တွင် အစားထိုးပြန်လည်ကြည့်ရှုနိုင်ရန်ခွင့်ပြုသွားမည်ဖြစ်ကာ ၂ရရက်နေ့ညလက်မှတ်များကိုမူ ငွေပြန်အမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
" မင်းသားလေးစတိတ်ရှိုးဆိုနေတဲ့ချိန်မှာပဲ လေရောမိုးရောသည်းထန်စွာရွာလာလို့ ရပ်နားလိုက်ရပါတယ်။ ပရိသတ်တွေကလည်းမပြန်ဘဲ စောင့်နေခဲ့ကြတာမို့ နောက်ညကိုအစားထိုးပြန်ကဖို့ မင်းသားလေးရော၊ ဇာတ်ဘက်ကရော၊ ကန်ထရိုက်ဘက်ကရော ဆုံးဖြတ်ခဲ့ကြတာပါ။ ဇာတ်သမားဇဉ်မှာတော့ မြန်မာသံစဉ်ဖျော်ဖြေပြီးပြီဆိုရင် ဇာတ်ပွဲအထမြောက်ပါတယ်။ဒါပေမယ့် ခုလိုဇာတ်ပွဲတွေ ပြန်လည်အားပေးမှုအကောင်းဆုံးအခြေနေမှာ သမားဇဉ်ကို ချိုးဖောက်ပြီး အစားထိုးပြန်ကပေးခဲ့တာပါ။ ကျွန်တော်တို့ ကန်ထရိုက်အနေနဲ့ နစ်နာမှုများစွာရှိပါတယ်။ဒါပေမယ့် ၂ရရက်နေ့ညအတွက် လက်မှတ်တွေကိုငွေအကုန်ပြန်အမ်းပေးသွားမှာဖြစ်ပြီး နောက်ထပ် စမ်းရေမိုးဇာတ်ပွဲတွေမှာ အရင်လက်မှတ်ဟောင်းဓါတ်ပုံပြနိုင်ရင် တန်းစီစရာမလိုဘဲ ဦးစားပေးရောင်းပေးသွားမှာပါ။ လက်မှတ်ဖိုးပြန်အမ်းရတဲ့အတွက် ပရိသတ်တွေကို အနူးအညွတ်တောင်းပန်အပ်ပါတယ်" ဟုBillion ကန်ထရိုက် ကိုဇော်သစ်က ပြောကြားခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင်ကပြသည့် စမ်းရေမိုးဇာတ်ပွဲလေးညမြောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်နားခဲ့ရသဖြင့် အစားထိုးပြန်ကပေးမည်