■ ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်နေအိမ်တွင် လက်ကျန်ပြစ်ဒဏ်များ ဆက်လက်ကျခံရန် ပြောင်းလဲ သတ်မှတ်

■ ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်နေအိမ်တွင် လက်ကျန်ပြစ်ဒဏ်များ ဆက်လက်ကျခံရန် ပြောင်းလဲ သတ်မှတ်
Published 30 April 2026

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကျခံရသည့်နေရာအား ပြောင်းလဲသတ်မှတ်ပေးကြောင်း ယနေ့(ဧပြီ ၃၀ ရက်)တွင် ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ် ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်သည့် ဖိုင်တွင် ချည်သားအကျီင်္အဖြူရောင်ကို ဝတ်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရပြီး ၎င်း၏ရှေ့တွင် တပ်မတော်ဝတ်စုံဝတ်ဆင်ထားသူ အရာရှိတစ်ဦးနှင့် ရဲဝတ်စုံဝတ်င်ထားသူတစ်ဦးတို့ စကားပြောနေသည်ကို တွေ့ရသည်။

Most Read

Most Recent