■အရှေ့အလယ်ပိုင်းပဋိပက္ခနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများ

■အရှေ့အလယ်ပိုင်းပဋိပက္ခနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများ
Published 26 April 2026

■အီရန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ ပြန်လည်သွားရောက်မည် 

အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ပြီးနောက်၊ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီသည် အိုမန်နိုင်ငံသို့ သွားရောက်ပြီးနောက် ပါကစ္စတန်သို့ ပြန်လည်သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဧပြီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး IRNA သတင်းအေဂျင်စီက ဖော်ပြရာတွင် ထိုနေ့အစောပိုင်းက အစ္စလာမ်မာဘတ်မြို့မှ ထွက်ခွာသွားခဲ့သူ အာရက်ချီသည် "အိုမန်ခရီးစဉ် ပြီးဆုံးပြီးနောက်နှင့် ရုရှားသို့ မသွားရောက်မီ ပါကစ္စတန်သို့ ထပ်မံသွားရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

■ပါကစ္စတန်က ၎င်း၏ အခန်းကဏ္ဍအတွက် ကတိကဝတ်ပြုထား 

အစ္စလာမ်မာဘတ်မြို့တွင် ပြုလုပ်ရန်ရှိသော အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားပြီး နောက် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့သည်။

ပါကစ္စတန်သည် ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရန် မနားမနေ ကြိုးပမ်းလျက် ရိုးသားပြီး စိတ်ရင်းမှန်ရှိသော ကြားဝင်ဆောင်ရွက်ပေးသူအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် ကတိကဝတ်ပြုထားကြောင်း ရှရစ်ဖ်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

■အမေရိကန်က အမှန်တကယ် အလေးအနက်ထားရဲ့လား

အမေရိကန်ပြည်ထောင်စုသည် သံတမန်ရေးရာအပေါ် အမှန်တကယ် အလေးအနက်ထားရဲ့လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီက ပြောကြားခဲ့သည်။

■ထရန့်က သံတမန်များ၏ ပါကစ္စတန်ခရီးစဉ်ကို ဖျက်သိမ်း 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် စစ်ပွဲအဆုံးသတ်ရေးအတွက် အီရန်အရာရှိများနှင့် ဆွေးနွေးရန် ပါကစ္စတန်သို့ မသွားရောက်ရန် ၎င်း၏ သံတမန်များကို အမိန့်ပေးခဲ့သည်။

၎င်း၏ Truth Social ပလက်ဖောင်းပေါ်တွင် တင်ထားသော ပို့စ်တစ်ခုတွင် "သူတို့ရဲ့ ခေါင်းဆောင်ပိုင်းကြားမှာ ပြင်းထန်တဲ့ အတွင်းရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးမှုတွေ ရှိနေတယ်။ သူတို့ကိုယ်တိုင်တောင် ဘယ်သူက တာဝန်ယူထားလဲဆိုတာ မသိကြဘူး" ဟု ရေးသားခဲ့သည်။

■ဂျာမန်မိုင်းရှင်းလင်းရေးသင်္ဘော 

အမေရိကန်-အီရန်စစ်ပွဲ ပြီးဆုံးသွားပြီးနောက် ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်နိုင်ချေရှိသော မစ်ရှင်တစ်ခု အတွက် ဂျာမနီနိုင်ငံသည် မကြာမီတွင် မိုင်းရှင်းလင်းရေးသင်္ဘောတစ်စင်းကို မြေထဲပင်လယ်သို့ စေလွှတ်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

■အမေရိကန်၏ ရုန်းမထွက်နိုင်သော အကျပ်အတည်း

အမေရိကန်ပြည်ထောင်စုသည် ၎င်းကိုယ်တိုင် နစ်မွန်းနေသည့် စစ်ပွဲ၏ ရုန်းမထွက်နိုင်သော အကျပ်အတည်းမှ ဂုဏ်သိက္ခာမကျစေဘဲ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေနေကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အီရန်စစ်တပ်ကလည်း အမေရိကန်အနေဖြင့် အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက ၎င်းတို့အနေဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးလိုက်ပြီး အမေရိကန်၏လုပ်ရပ်ကို ဓားပြတိုက်မှုဟု ခေါ်ဆိုခဲ့သည်။

■အီရန်နိုင်ငံ၏ ကွပ်မျက်မှု 

အီရန်နိုင်ငံသည် ဇန်နဝါရီလအတွင်း လူထုဆန္ဒပြပွဲများ၌ အစ္စရေး၏ သူလျှိုအေဂျင်စီအတွက် တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို ကွပ်မျက်ခဲ့သည်။

■ကူဝိတ်နိုင်ငံက သတင်းထောက်တစ်ဦးကို ပြန်လွှတ်ပေး 

အမေရိကန်-အီရန်စစ်ပွဲ၏ ရုပ်သံမှတ်တမ်းများကို မျှဝေမှုအပေါ် နှိမ်နင်းနေချိန်အတွင်း ကူဝိတ်နိုင်ငံ၌ သီတင်းပတ်များစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်-ကူဝိတ် သတင်းထောက်တစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 

The New York Times၊ PBS နှင့် Al Jazeera English တို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည့် အာမက် ရှီဟက် အယ်လ်ဒင်သည် သတင်းမှားများ ဖြန့်ဝေခြင်း၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေခြင်းနှင့် မိုဘိုင်းဖုန်းကို အလွဲသုံးစားလုပ်ခြင်းတို့ဖြင့် စွပ်စွဲခံရပြီး မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Ref:AFP

 

Most Read

Most Recent