မန်ယူအသင်းဟာ အသက်(၁၇)နှစ်အရွယ် ကိုလံဘီယာကွင်းလယ်ခံစစ်ကစားသမား အိုရော့ဇ်ကိုကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။
အိုရော့ဇ်ကိုဟာ ကိုလံဘီယာကလပ် ဖော်တာလီဇာအသင်းမှာ ကစားနေသူဖြစ်ပြီး လာမယ့်ဇူလိုင်လမှာ အသက်(၁၈)နှစ်ပြည့်မှာပါ။
ဒါကြောင့် မန်ယူအသင်းက (၁၈)နှစ်ပြည့်ချိန်မှာ ခေါ်ယူဖို့ ကြိုတင်သဘောတူညီမှု ရယူထားတာဖြစ်ပြီး ယူ-၂၁ အသင်းမှာ စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ အိုရော့ဇ်ကိုကို ပြောင်းရွှေ့ကြေးပေါင်(၅)သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ ဖော်တာလီဇာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် မန်ယူအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ကွင်းလယ်ကစားသမား အနည်းဆုံးနှစ်ဦး ခေါ်ယူအားဖြည့်ဖို့ ရည်ရွယ်ထားကြောင်းလည်း က ဖော်ပြခဲ့ပါတယ်။















