တီဟီရန် စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်ရန် ဆယ်ကျော်သက်လူငယ်များကို အီရန်စုဆောင်းနေ

တီဟီရန် စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်ရန် ဆယ်ကျော်သက်လူငယ်များကို အီရန်စုဆောင်းနေ
Published 27 March 2026

တီဟီရန်မြို့တော်တွင် ဖြစ်ပွားနေသည့် စစ်ပွဲကာလအတွင်း စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားရန်နှင့် အခြားတာဝန်များ ထမ်းဆောင်ရန်အတွက် အသက် ၁၂ နှစ်အရွယ် ကလေးငယ်များကိုပင် အီရန်လုံခြုံရေး တပ်ဖွဲ့များက စုဆောင်းလျက်ရှိကြောင်း တော်လှန်ရေးအစောင့်တပ် အရာရှိတစ်ဦးက မတ် ၂၆ ရက်တွင် နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့သည်။

စစ်ပွဲစတင်ကတည်းက တီဟီရန်မြို့တစ်ဝိုက်တွင် စစ်ဆေးရေးဂိတ်များ အနှံ့အပြား ပေါ်ပေါက်လာခဲ့ပြီး အချို့ဂိတ်များတွင် အရပ်ဝတ်ဖြင့် စက်သေနတ်များ ကိုင်ဆောင်ထားသည့် ဆယ်ကျော်သက်လူငယ်များကို တွေ့ရှိရကြောင်း ဒေသခံများက သတင်းပေးပို့ကြသည်။

အီရန်အာဏာပိုင်များသည် လုံခြုံရေးတပ်ဖွဲ့များတွင် ပါဝင်ရန်“အီရန်အတွက်”ဟု အမည်ပေးထားသည့် လူသစ်စုဆောင်းရေး လှုပ်ရှားမှုတစ်ရပ်ကို တီဟီရန်မြို့၌ စတင်ခဲ့ပြီး အနိမ့်ဆုံး စုဆောင်းရမည့် အသက်အ ရွယ်ကို ၁၂ နှစ်အထိ လျှော့ချခဲ့သည်။

အမေရိကန်ကို ရည်ညွှန်းသည့် “ကမ္ဘာ့လူမိုက်” ကို တော်လှန်ရေးအစောင့်တပ်နှင့် ဘာဆစ်ဂျ်လူ ငယ်စေတနာ့ဝန်ထမ်း ပြည်သူ့စစ်များက တွန်းလှန်ရာတွင် ကူညီရန် အသက် ၁၂ နှစ်အရွယ်များပင် စာရင်းပေးသွင်းနိုင်ကြောင်း တီဟီရန်ရှိ အစောင့်တပ်အရာရှိ ရာဟင်နာဒါလီက နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့သည်။

Ref:AFP

                                                         

Most Read

Most Recent