ပန်းဆိုးတန်းနှင့် ဒလကူး ချယ်ရီကူးတို့သင်္ဘော၏ နောက်ဆုံးပြေးဆွဲချိန်များ လျှော့ချသတ်မှတ်

ပန်းဆိုးတန်းနှင့် ဒလကူး ချယ်ရီကူးတို့သင်္ဘော၏ နောက်ဆုံးပြေးဆွဲချိန်များ လျှော့ချသတ်မှတ်
Published 27 March 2026

ပန်းဆိုးတန်းနှင့် ဒလကူး ချယ်ရီကူးတို့သင်္ဘော၏ နောက်ဆုံးပြေးဆွဲချိန်များ လျှော့ချသတ်မှတ်ကြောင်း သိရသည်။

ရန်ကုန်နှင့် ဒလမြို့သို့ ခရီးသည်ပို့ဆောင်ပြေးဆွဲလျက်ရှိသည့် ချယ်ရီကူးတို့သင်္ဘောများ၏ ပန်းဆိုးတန်းမှ နောက်ဆုံးပြေးဆွဲချိန်ကို ည ၇ နာရီ ၄၅ မိနစ်သို့လည်းကောင်း၊ ဒလမှနောက်ဆုံးပြေးဆွဲချိန်ကို ည ၇ နာရီသို့လည်းကောင်း မတ် ၂၈ ရက်မှစ၍ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါချယ်ရီကူးတို့သင်္ဘောများ၏ ယခင်က နောက်ဆုံးသင်္ဘောပြေးဆွဲချိန်များသည် ဒလမှည ၇ နာရီခွဲနှင့် ပန်းဆိုးတန်းမှ ည ၈ နာရီဖြစ်ပြီး နာရီဝက်ခန့် လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ချယ်ရီကူးတို့သင်္ဘောများ၏ နံနက်ပိုင်း စတင်ထွက်ခွာချိန်များသည် ပြောင်းလဲမှုမရှိဘဲ ဒလမှနံနက် ၅ နာရီခွဲနှင့် ပန်းဆိုးတန်းမှ နံနက် ၆ နာရီဖြစ်ကြောင်း သိရသည်။

ချယ်ရီကူးတို့သင်္ဘောပြေးဆွဲချိန်မှာ ပန်းဆိုးတန်းနှင့် ဒလနောက်ဆုံးပြေးဆွဲချိန်ကို ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ပြီး တစ်နေ့တာ ကူးတို့သင်္ဘော ပြေးဆွဲချိန်များသည် မူလအတိုင်း ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတို့ကူးသင်္ဘောခကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ လူတစ်ဦးလျှင် ကျပ် ၃၀၀ သို့ တိုးမြှင့်ကောက်ခံခဲ့သည်။

ပန်းဆိုးတန်းမှ ဒလသို့ ကူးရာတွင် ချယ်ရီသဘောင်္ သုံးစင်းဖြင့် ခရီးသည်များအား ပို့ဆောင်ပေးလျက်ရှိပြီး ယခင်က လူတစ်ဦးလျှင် ကျပ် ၁၀၀ ကောက်ခံခဲ့ကြောင်း၊ ယင်းနောက် ကျပ် ၂၀၀ သို့ ထပ်မံတိုးမြှင့်ကောက်ခံခဲ့ကာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ လက်ရှိအချိန်ထိ လူတစ်ဦးလျှင် ကျပ် ၃၀၀ သို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။

ရန်ကုန်-ဒလတံတားကို ဖေဖော်ဝါရီ ၆ ရက်က ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မှ ဒလသို့ YBS ယာဉ်များလည်း ပြေးဆွဲနေကြောင်း သိရသည်။

Most Read

Most Recent