အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးလှသိန်းနှင့် အတွင်းရေးမှူးအဖြစ် ဦးရန်နိုင်ဦး တို့ကို တာဝန်ပေးအပ်

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးလှသိန်းနှင့် အတွင်းရေးမှူးအဖြစ် ဦးရန်နိုင်ဦး တို့ကို တာဝန်ပေးအပ်
Published 26 March 2026

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးလှသိန်းနှင့် အတွင်းရေးမှူးအဖြစ် ဦးရန်နိုင်ဦး တို့ကို တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

ယနေ့(မတ် ၂၆ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး တတိယနေ့တွင် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးလှသိန်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရန်နိုင်ဦး၊ အဖွဲဝင်များအဖြစ် ပဲခူးတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ခင်ရွှေမြင့်(ခေါ်) ဒေါ်နှောင်းထွေး၊ ပဲခူးတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်း၊ ရခိုင်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်စိန်လှ၊ မွန်ပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ယဉ်မင်းထိုက်၊ ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဖြိုးဝေလင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် အမှတ်(၃) ဦးခင်မောင်တင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် အမှတ်(၅) ဦးအောင်သီဟ၊ မကွေးတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးခင်မောင်သန်း၊ ကယားပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းထူး၊ ကရင်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမြတ်ထွဋ်ဝင်း(ခေါ်)ကိုဆွိ၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်အောင်နှင့် ဒုတိယဗိုလ်မှူးကြီး ဝင်းမြင့်ထွန်း တို့အား တာဝန်ပေးဖွဲ့စည်းရန်နှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို လွှတ်တော်သိ့ု အသိပေးတင်ပြခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောကြားသည်။

ဒီတင်ပြချက်ကို သဘော တူ၊ မတူ လွှတ်တော်၏ အတည်ပြုချက်ရယူပါမယ် ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောကြားသည်။

ထို့နောက် လွှတ်တော်၏ အတည်ပြုချက် ရယူရာတွင် လွှတ်တော်က အတည်ပြုခဲ့သည့်အတွက်  အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတိုနှင့်စပ်လျဉ်းသည့် တင်ပြချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောကြားသည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်များအနေဖြင့် ကော်မတီသည် လွှတ်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲစည်းသော ပြည်ထောင်စုအဆင့် အဖွဲအစည်းများက အခါအားလျော်စွာ ပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ အပါအဝင် ဖွဲစည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ပေးခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို မည်သည့်အခြေအနေအထိ ဆောင်ရွက်ပြီးကြောင်းကို လွှတ်တော်သို တင်ပြရမည်၊ အဆိုပါ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ဖွဲစည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသိုဆောင်ရွက်ခြင်းသည် သတ်မှတ်သည့်ကာလအတွင်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ၊ မရှိကို လွှတ်တော်သိ့ု တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent