အဆိုတော် ဦးပက်ထရစ် အငှားယာဉ်မောင်းနေစဉ် Heat Stoke ဖြစ်ကာ သေဆုံးမှု မတ် ၂၆ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။
အသက် ၆၀ ကျော်အရွယ် အဆိုတော် ဦးပက်ထရစ်သည် မတ် ၂၆ ရက်၊ နံနက်ပိုင်းက ၄င်း၏ အငှားယာဉ်အား မောင်းနှင်နေစဉ် ကမ္ဘာအေးဘုရားလမ်း၊ မဟာစည်ထိပ်တွင် ယာဉ်အား လမ်းဘေးသို့ ရပ်တန့်လိုက်ကြောင်း သိရသည်။
"ဦးပတ်ထရစ်က ဂက်စ်အငှားယာဉ် မောင်းတာပါ။ရာသီဥတုပူတော့ သူက မောင်းလာရင်း မဟာစည်ထိပ်လည်းကျရော လမ်းဘေးကို ရပ်လိုက်တာ။အဲ့လိုရပ်တော့ ဆီတန်းစီနေတဲ့ ကားပေါ်က လူတွေက သူ့ကို ဝိုင်းပြီး ကူညီပေးကြတယ်။ရာသီဥတုပူတော့ ကနဦး Heat Stoke ဖြစ်တာလို့ သိရတယ်"ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီရေး ဆောင်ရွက်ခဲ့သည့် မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် ဦးပတ်ထရစ်၏ မိသားစုဝင်များမှင့် ဆက်သွယ်၍ ရရှိပြီဖြစ်ကြောင်း၊ မေတ္တာအလင်းလူမှုကူညီရေးအသင်းနှင့် ဗဟန်းမြို့နယ် ကြက် ခြေနီတပ်ဖွဲ့မှ ပူးပေါင်းကာ သေဆုံးသူ ဦးပက်ထရစ်၏ ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - မေတ္တာအလင်းလူမှုကူညီရေးအသင်း















