ထိုင်းနိုင်ငံ၊ ရနှောင်းမြို့၊ IDC လဝက အကျဉ်းထောင်မှလွတ်ရက်စေ့မြန်မာနိုင်ငံသား ၈၉ ဦးကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ မတ်လ ၂၅ ရက်နေ့က ပြန်ပို့ခဲ့ကြောင်းသိရသည်။
လွတ်ရက်စေ့ လွတ်မြောက်လာသူမြန်မာရွှေ့ပြောင်းလုပ်သား များကို၂၀၂၆ ခုနှစ်၊မတ်လ ၂၅ ရက်တွင်တနင်္သာရီတိုင်းဒေ သကြီး၊ကော့သောင်းမြို့၊ရွှေဝက်ဝံတံတားသို့ကျား ၆၈ ဦး၊ မ ၂၁ ဦး၊ပေါင်း ၈၉ ဦးတို့အား ရနောင်းမြို့အခြေစိုက်အလုပ် သမားသံအရာရှိ ဦးအောင်စိုးသန်းဦးဆောင်၍ ပဲ့ချိတ်စက်လှေ ၆ စီးဖြင့် လာရောက်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ပြန်လည်ရောက်ရှိလာသောမြန်မာနိုင်ငံသားများကို ခရိုင်/မြို့နယ်တာဝန်ရှိသူများကကြိုဆိုလက်ခံပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိ/မရှိ စစ်ဆေးခြင်း၊ကိုယ်ရေးအချက် အလက်များရယူခြင်း၊အမည်မည်းစာရင်းတွင်ပါဝင်သူများ၊ လူကုန်ကူးမှုဖြင့်အလိုရှိသူများနှင့်လူကုန်ကူးခံရသူများ၊စစ် ပြေး/ရဲပြေး/ရဲဘက်ပြေး/ဝရမ်းပြေး/တရားခံပြေးများ နိုင်ငံ ခြားသားများရောနှောပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း ၊ လဝကမှမှတ်ပုံတင်ရှိသူများကို smart card ပြုလုပ်ပေးခြင်း ၊မှတ်ပုံတင်မရှိသူများကို ၎င်းတို့နေရပ်အသီးသီးသို့ပြန်ရောက်လျှင်မှတ်ပုံတင်ပြုလုပ်နိုင်ရန် စီစဉ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်ဦးစီးအရာရှိဦးကိုကိုကြီးဦးဆောင်သောခရိုင်ကြက်ခြေနီတပ်ဖွဲ့ မှကျားတကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါဝင်သော Dignity kit နှင့်အမျိုးသမီးသုံးပစ္စည်း (၁၁)မျိုးပါဝင်သော Hygiene kit များကို ပေးဝေထောက်ပံ့ခဲ့ပြီး ၎င်းတို့နေထိုင်ရာ နေရပ်အသီးသီးသို့ပို့ဆောင်ရန်စီစဉ်ပေးခဲ့ကြောင်းသိရသည်။
ဇော်မိုးဦး ( မြိတ်)















