အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက်  ခရီးဆောင်အိတ်သယ်ယူခွင့်များကို  မတ်လ ၂၆ ရက်မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးမည်ဖြစ်ပြီး ရပ်နားခဲ့သည့် ပြည်တွင်း ခရီးစဉ်များကိုလည်း ယခင်တိုင်း ပုံမှန်ပျံသန်းမည် 

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက်  ခရီးဆောင်အိတ်သယ်ယူခွင့်များကို  မတ်လ ၂၆ ရက်မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးမည်ဖြစ်ပြီး ရပ်နားခဲ့သည့် ပြည်တွင်း ခရီးစဉ်များကိုလည်း ယခင်တိုင်း ပုံမှန်ပျံသန်းမည် 
Published 25 March 2026

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက်  ခရီးဆောင်အိတ်သယ်ယူခွင့်များကို ၂၆ရက်နေ့၊ မတ်လ ၂၆ ရက္မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးမည်ဖြစ် ကြောင်း သိရသည်။ 

MAI မှ ပြေးဆွဲနေသည့်နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များအား Economy Class အတွက် 30KG အထိ၊ Business Class အတွက် 40KG အထိ ပြန်လည်သယ်ဆောင်နိုင်ပြီဟု သိရသည်။ 

ယင်းပြင်𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖွဲ့ဝင်များအနေဖြင့်လဲ အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်၍ပေးအပ်သွားမည်ဟု ဆိုသည်။ 

ထို့အပြင် MAI မှ operational အခြေ အနေများကြောင့် ယခင်က ရပ်နားထားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

၂၀၂၆၊ မတ်လ ၂၂ရက်   မှ ၂၅ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်လိုက်သောခရီးဆောင်အိတ်သယ်ယူခွင့် ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသည့်ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ်ဆောင်ခွင့်အလေးချိန် 10KG နှင့်တန်ဖိုးညီမျှသည့် Travel Voucher တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ကာ ထို Travel Voucher ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူအားလွှဲပြောင်းခြင်း သို့မဟုတ် refund ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍ ရနိုင်မည်မဟုတ်ဟု ဆိုသည်။ 

ယခုအခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့သော အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအား အနူးညွှတ်တောင်းပန်ပါကြောင်း နှင့် မည်သည့်အခြေအနေမျိုးတွင်မဆို ခရီးသည်များ အဆင်ပြေပြေချောမွေ့စွာ ခရီးသွားနိုင်ရေးအတွက် MAI မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်

ယခုကဲ့သို့သော ကာလအတွင်းတွင် ခရီးသွားပြည်သူတို့၏ စိတ်ရှည်နားလည်ပံ့ပိုးပေးမှုများ နှင့် MAI အား အစဉ်တစိုက်အားပေးမှုအတွက်အထူးပင် ကျေးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent