■ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း ဝေဒနာခံစားခဲ့ရသဖြင့်  အရေးပေါ်ခွဲစိတ်ကုသမှု (၂)နာရီကြာ ပြုလုပ်ခဲ့ရ

■ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း ဝေဒနာခံစားခဲ့ရသဖြင့်  အရေးပေါ်ခွဲစိတ်ကုသမှု (၂)နာရီကြာ ပြုလုပ်ခဲ့ရ
Published 23 March 2026

ခွဲစိတ်ကုသမှုအောင်မြင်ပြီး ယခုအခါ နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာ ထမ်းဆောင် လျက်ရှိဟုဆို

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း ဝေဒနာခံစားခဲ့ရသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုအား (၂)နာရီကြာ ပြုလုပ်ခဲ့ရကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(မတ် ၂၃ ရက်)တွင် ထုတ်ပြန်သည်။

ခွဲစိတ်ကုသမှုအောင်မြင်ပြီး ယခုအခါ နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာ ထမ်းဆောင် လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း (Lumbar spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်၌ အိန္ဒိယနိုင်ငံမှပါရဂူများနှင့် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုအား (၂)နာရီကြာ ပြုလုပ်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent