တာချီလိတ်မြို့၌ ကျပ် ၈ ဒသမ ၉ ဘီလျံကျော်တန်းဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြာများ ဖမ်းဆီးရမိ

တာချီလိတ်မြို့၌ ကျပ် ၈ ဒသမ ၉ ဘီလျံကျော်တန်းဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြာများ ဖမ်းဆီးရမိ
Published 21 March 2026

တာချီလိတ်မြို့၌ ကျပ် ၈ ဒသမ ၉ ဘီလျံကျော်တန်းဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြာများ ဖမ်းဆီးရမိကြောင်း သိရသည်။

မတ် ၂၁ ရက် နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်း၊ မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ်မော်တော်ယာဉ် သုံးစီးရပ်တန့်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေခဲ့‌ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ Toyota Fortuners အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၀ လုံး (ဆာလာအိတ် တစ်လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၆၀ ပြား၊ Toyota Hilux Single Cub အမျိုးအစား(လိုင်းစင်မဲ့) ခဲရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၇ လုံး (ဆာလာအိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွရူးသွပ်ဆေးပြား ၇၄ သိန်းပြားနှင့် Ford အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထား သည့် ဆာလာအိတ် ၂၂ လုံး (ဆာလာအိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွ ရူးသွပ်ဆေးပြား ၄၄ သိန်းပြား၊ စုစုပေါင်း WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်းပြား( ခန့်မှန်းငွေကျပ် ၈ ဒသမ ၉ ဘီလျံကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မော်တော်ယာဉ်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားခံများ အား ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent