ဘုန်းမောက် - မန်ယူ (မတ် ၂၁ ရက် နံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံးက လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းကို အာရုံစိုက်ယှဉ်ပြိုင်ခွင့်ရနေတဲ့အသင်းတွေဖြစ်ပြီး အဆင့်(၁၀)နေရာက ဘုန်းမောက်အတွက်တော့ စိတ်အေးလက်အေးယှဉ်ပြိုင်နိုင်တဲ့အနေအထား ဖြစ်နေပါတယ်။ မန်ယူကတော့ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့ အမှတ်လုနေရတာပါ။ လတ်တလောမှာ ဘုန်းမောက်အသင်း (၄)ပွဲဆက်နိုင်ပွဲပျောက်ထားပေမဲ့ နောက်ဆုံး(၉)ပွဲဆက်တိုက် ရှုံးပွဲမရှိပါဘူး။ လက်ရှိမှာ မန်ယူအသင်းက ပိုကောင်းတဲ့အသင်းဖြစ်တာ သေချာပေမဲ့ အခုနောက်ပိုင်း ဘုန်းမောက်နဲ့တွေ့ရင် အခက်တွေ့တတ်ပါတယ်။ ဒါကြောင့် အဝေးကွင်းမှာ မန်ယူအသင်း အမှတ်လျော့သွားနိုင်ပါတယ်။
လန်းစ် - အန်ဂါစ် (မတ် ၂၁ ရက် နံနက် ၂း၁၅ နာရီ)
လန်းစ်က အသင်းထက် တစ်ပွဲပိုကစားထားပြီး တစ်မှတ်လျော့အနေအထားမှာ ရှိနေတာကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ အန်ဂါစ်က အဆင့်(၁၂)နေရာကအသင်းဖြစ်ပြီး လတ်တလောရလဒ်တွေကလည်း မကောင်းပါဘူး။ လန်းစ်အသင်းရဲ့ အိမ်ကွင်းရလဒ်ပိုင်းကတော့ အတော်လေးကောင်းမွန်နေပါတယ်။ ထိပ်တိုက်ဆုံတွေ့တဲ့ နောက်ဆုံး(၆)ပွဲဆက် အနိုင်ရရှိထားတဲ့ လန်းစ်အသင်း နိုင်ပွဲထပ်ရမှာ သေချာပါတယ်။
ကာဂလီယာရီ - နာပိုလီ (မတ် ၂၀ ရက် ည ၁၂းဝ၀ နာရီ)
နာပိုလီက အင်တာမီလန်နဲ့ (၉)မှတ်ကွာဟသွားပြီဖြစ်တာကြောင့် စီးရီးအေချန်ပီယံမျှော်လင့်ချက်ကတော့ အတော်လေးမှေးမှိန်ဖျော့တော့နေပါပြီ။ ဒါပေမဲ့ နောက်ဆုံး(၃)ပွဲဆက် အနိုင်ရလဒ်နဲ့အတူ ရာသီသိမ်းကာလမှာ အသင်းက အားကုန်ထုတ်မယ့်ပုံစံ မြင်တွေ့နေရပါတယ်။ ကာဂလီယာရီက နောက်ဆုံး(၆)ပွဲဆက် နိုင်ပွဲပျောက်ပြီး ခြေပျက်နေတဲ့အသင်းပါ။ အဝေးကွင်းဖြစ်ပေမဲ့ နာပိုလီပဲ နိုင်ပွဲဆက်ဖို့ များပါတယ်။
ဗီလာရီးယဲလ် - ဆိုစီဒက် (မတ် ၂၁ ရက် နံနက် ၂း၃၀ နာရီ)
ဗီလာရီးယဲလ်က အဆင့်(၄)၊ ဆိုစီဒက်က အဆင့်(၇)ဖြစ်တာကြောင့် လာလီဂါအမှတ်ပေးဇယားမှာ ရပ်တည်မှုချင်း နှစ်ဆင့်သာခြားပေမဲ့ အမှတ်ကတော့ (၁၇)မှတ်တောင် ကွာဟနေပါပြီ။ ဗီလာရီးယဲလ်က အဆင့်(၅)နေရာကအသင်းကိုလည်း (၁၁)မှတ်ဖြတ်ထားတာကြောင့် အဆင့်(၄)နေရာအတွက် ဖိအားအတော်လေး နည်းပါးနေပါတယ်။ ဆိုစီဒက်ကတော့ ဥရောပဝင်ခွင့်အတွက် အသည်းအသန်ရုန်းကန်ရမယ့် အခြေအနေဖြစ်နေပါတယ်။ ဆိုစီဒက် အမှတ်ပိုလိုနေပေမဲ့ အိမ်ကွင်း(၃)ပွဲဆက် အနိုင်ရထားတဲ့ ဗီလာရီးယဲလ်ကိုပဲ ရွေးချင်ပါတယ်။
အခြားပွဲ
* လိုက်ပ်ဇစ် - ဟော်ဖန်ဟင်မ်















