ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲမှာ လာပေါ်တာ အနိုင်ရပြီး ၂၀၃၁ ခုနှစ်အထိ ဆောင်ရွက်ခွင့်ရရှိ

ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲမှာ လာပေါ်တာ အနိုင်ရပြီး ၂၀၃၁ ခုနှစ်အထိ ဆောင်ရွက်ခွင့်ရရှိ
Photo: X
Photo: X
Published 16 March 2026

စပိန်ထိပ်သီး ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲကို မနေ့က ပြုလုပ်ခဲ့ရာ လာပေါ်တာက ဗစ်တာဖောင့်ကို အနိုင်ရရှိခဲ့တာကြောင့် ဥက္ကဋ္ဌအဖြစ် ၂၀၃၁ ခုနှစ်အထိ ဆောင်ရွက်ခွင့်ရခဲ့ကြောင်း သိရပါတယ်။

လာပေါ်တာက ဗစ်တာဖောင့်ကို ၂၀၂၁ ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့တာကြောင့် အခုရွေးကောက်ပွဲမတိုင်ခင်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ရခဲ့သူဖြစ်ပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာ ဘာစီလိုနာအသင်းရဲ့ အဖွဲ့ဝင် (၁၁၀၀၀၀)ကျော်ရှိတဲ့အနက် (၄၈၄၈၀)ဦးက မဲပေးခဲ့ကြပြီး လာပေါ်တာက ဆန္ဒမဲ(၆၈)ရာခိုင်နှုန်း၊ ဗစ်တာဖောင့်က ဆန္ဒမဲ (၂၉)ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲမှာ အသင်းရဲ့ ဥက္ကဋ္ဌဟောင်း၊ နည်းပြဟောင်းနဲ့ ကစားသမားဟောင်းတွေလည်း လာရောက်မဲပေးခဲ့ကြပြီး လက်ရှိဘာစီလိုနာအသင်းရဲ့ နည်းပြနဲ့ ကစားသမားတွေကတော့ ဆီဗီလာကို (၅-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာမှ မဲပေးခဲ့ကြကြောင်း သိရပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတဲ့နောက် လာပေါ်တာက ဘာစီလိုနာကစားသမားတွေနဲ့အတူ အောင်ပွဲခံခဲ့ကြောင်းလည်း သိရပါတယ်။

''ပထမဆုံးအနေနဲ့ ဒီလိုအံ့အားသင့်စရာကောင်းတဲ့ ကလပ်အသင်းကို ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့အတွက် ဝမ်းမြောက်ကျေနပ်ကြောင်း ပြောချင်ပါတယ်။ အသင်းကို ကိုယ်စားပြုနေကြတဲ့ အဖွဲ့ဝင်တွေက ရွေးချယ်နိုင်ဆဲဖြစ်တာကို မြင်ရတာလည်း တကယ်ကောင်းပါတယ်။ ဒီစိတ်အားထက်သန်မှုက အားရစရာဖြစ်ပြီး ကလပ်အသင်းကိုလည်း ထူးခြားစေပါတယ်။ ဒါကြောင့် မဲလာပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်'' လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent